ရိုက်ကူးမှုတွေစတင်နေပြီလည်းဖြစ်ပါတယ်။
Win Kyaw Min

ကစားသမားဘဝ ၁၅နှစ်တာကာလအတွင်း ဥရောပထိပ်တန်းအသင်းတွေမှာ ကစားခွင့်ရခဲ့တဲ့ ဒရမ်သီဟာ လ က်ရှိမှာတော့ နယ်သာလန်တတိယတန်းလိဂ်မှာ ကစားနေခဲ့သူ လည်းဖြစ်ပါ တယ်။

ရီးရဲလ်ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ဒရမ်သီဟာ ဒဏ်ရာပြဿနာတွေကြောင့် ထိပ်တန်းအမှတ်ပေးလိ ဂ်တွေမှာ ကစားနိုင်ခြင်းမရှိတော့တဲ့အတွက် နယ်သာလန်အသင်းငယ်တွေကစားသမားအဖြစ် ဖြတ်သန်းနေရာ ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်တော့မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို marca.com ကဖော်ပြ လာပါတယ်။

ကစားသမားဘဝတစ်လျှောက်တွင် ရီးရဲလ်၊ ဖီယင်နု၊ အဲဗာတန်၊ ရီးဒင်း၊ ရှက်ဖီးလ်ယူနို်က်တက်အစရှိတဲ့ ပရိသ တ်အခိုင်အမာရှိတာထားတဲ့အသင်းများတွင် ကစားခဲ့ဖူးတဲ့ နယ်သာလန်လက်ရွေးစင်ဟောင်းအနေနဲ့ ဒုစရိုက်အ က်ရှင်ဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်ဖို့ သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။



“ အချိန်ကျလာပါပြီ။ စိတ်အလှုပ်ရှားဆုံး နယ်မြေတစ်ခုအတွက် အသင့်ပြင်ရတော့မယ်။ ယုံကြည်မှုအပြည့်ရှိသ လို လိုအပ်ချက်တွေရှိလာနိုင်တဲ့အပေါ် စိုးရိမ်မိတယ်။ ရုပ်ရှင်ဖန်သားပြင်ပေါ်မှ ကြည့်ရှုကြပါဦး ”လို့ ဒရမ်သီက သူရဲ့အင်စတာဂမ်အကောင့်ကနေတဆင့် ဖော်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒရမ်သီအနေနဲ့ ကစားသမားဘဝကတည်းက အနုပညာပိုင်းကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး တေးသီချင်းရေးစပ်ခြင်း အပြင် ဂီတဖန်တီးမှုများကိုလည်း လုပ်ဆောင်ခဲ့သူဖြစ်ပြီး မိတ်ဆွေဖြစ်သူ U-Niq နဲ့အတူ Tak Taki သီချင်းကို အတူတူဖန်တီးခဲ့ဖူးသူလည်းဖြစ်ပါတယ်။

နယ်သာလန်ရုပ်သံဇာတ်လမ်းတွဲဖြစ်လာမယ့် Mocro Mafia ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရမယ့် ဒရမ်သီ အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမြင့်တက်နေတဲ့ နိုင်ငံရဲ့ ဆင်ခြေဖုန်းဒေသတွင်နေထိုင်သူတစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။


Author


က္က