အချိန်ပိုအထိ ကစားခဲ့ရတာပါ။

ဆီမီးဖိုင်နယ်ကိုတော့ တက်ရောက်ခဲ့ပေမယ့် ဝုလ်-ဆီဗီလာပွဲစဉ်က အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပိုမိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ စိုးရိမ်ဖွယ်ရာရှိနေပြီဖြစ်ပါတယ်။ 


ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ရဲ့ ပထမနေ့ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းက ကစားခဲ့ရာမှာတော့ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်း တော်တော်လေးရုန်းကန်ခဲ့ရကာ ကိုပင်ဟေဂင်ကို အချိန်ပိုအထိ ကစားခဲ့ရပါတယ်။ ယူနိုက်တက် အသင်းဟာ ကွင်းလယ်မှာ မာတစ်မပါဝင်ဝင်တာလွဲရင် နေရာစုံမှာ အဓိကကစားသမားတွေကို ထည့်သွင်းကစားခဲ့တာပါ။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ခြေစွမ်းက တော်တော်လေးနိမ့်ကျနေခဲ့ပြီး ပြိုင်ဘက်ကိုအသာစီးရယူနိုင်ခဲ့ခြင်းမရှိခဲ့တကို တွေ့ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာ ကိုပင်ဟေဂင်ကတောင် ဂိုးကန်သွင်းခွင့်အချို့ဖန်တီးကာ ဖိအားပေးနိုင်ခဲ့ပါတယ်။ ကိုပင်ဟေဂင်ရဲ့ ခြေစွမ်းက ထင်သလောက်မဟုတ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းရဲ့ခြေစွမ်းကကို ညံ့ဖျင်းနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဂရင်းဝုဒ်က ပထမပြီးခါနီးမှာ တစ်ဂိုးသွင်းယူခဲ့ပေမယ့်လည်း လူကျွံနေခဲ့တာကြောင့် VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။ ယူနိုက်တက်အနေနနဲ့ အပိုင်အခွင့်အရေးဖန်တီးနိုင်မှုနည်းပါးနေခဲ့ပြိး ဖာနန်ဒက်စ်ရဲ့ ခေါင်းတိုက်ဂိုးကလည်း ဘားတန်းပေါ်က ကပ်ထွက်ခဲ့လို့ နစ်နာခဲ့ရကာ ပြိုင်ဘက်ရဲ့ဖိအားပေးမှုတွေကလည်း တော်တော်လေးအန္တရာယ်ရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အခွင့်အရေးအနည်းငယ်စီရရှိခဲ့ပေမယ့် ခံစစ်ပိုင်းနဲ့ ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ကြပါတယ်။ မိနစ်ကိုးဆယ်ပြည့်တဲ့အချိန်ထိ အနိုင်ဂိုးမသွင်းယူနိုင်ခဲ့လို့ အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပိုစတင်ပြီး မကြာခင်မှာပဲ မာရှယ်ရဲ့ ထိုးဖောက်မှုကနေ ယူနိုက်တက်တို့ ပယ်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူကာ အဖိုးတန်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

အချိန်ပိုကျန်မိနစ်တွေမှာလည်း နှစ်သင်းစလုံး ဂိုးရဖို့အတွက် လုံလောက်တဲ့ခြေစွမ်းမျိုးကို မပြသနိုုင်ခဲ့ဘဲရှိခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားပုံအားနည်းချက်တွေရှိခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှုမကောင်းမွန်ခဲ့ဘဲ ရက်ရှ်ဖို့ဒ်ကလည်း ပွဲချိန်တစ်လျှောက်လုံး ခြေစွမ်းမပြနိုင်ဘဲရှိခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်ကိုတော့ တက်ရောက်ခဲ့ပေမယ့် ဝုလ်-ဆီဗီလာပွဲစဉ်က အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပိုမိုခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ စိုးရိမ်ဖွယ်ရာရှိနေပြီဖြစ်ပါတယ်။ 



က္က