အသင်းဟောင်းကို သတိပေးစကားပြောဆိုခဲ့တာပါ။

ဘို်င်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ဘာစီလိုနာကွင်းလယ်လူဗီဒယ်က သူတို့အသင်းဟာ ကမ္ဘာအ့ကောင်းဆုံးအသင်းဖြစ်တယ်လို့ ပြိုင်ဘက်ကို သတိပေးပြောဆိုလိုက်ပါတယ်။ အသင်းဟောင်းဘိုင်ယန်မြူးနစ်ကို ပြန်လည်ရင်ဆိုင်ရမယ့်အချိန်မှာ ဗီဒယ်က အခုလိုမျိုးကြုံးဝါးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

လာလီဂါမှာ ဒုတိယနေရာသာရရှိခဲ့ပြီး ဖလားလက်မဲ့ရာသီမဖြစ်ရလေအောင် ချန်ပီယံလိဂ်ဖလားကိုပဲ ဘာစီလိုနာက အားကိုးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိ်ုင်ရမှာက လက်ရှိမှာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားလို့သတ်မှတ်ခံထားရတဲ့ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်တို့ဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကအနိုင်ရရှိဖို့ ရေပန်းစားနေတာဖြစ်ပြီး ဗီဒယ်ကတော့ အခုလိုပဲဆိုခဲ့ပါတယ်။ "ကျွန်တော်ကြားထားတာတချို့ရှိပါတယ်၊ ဒါပေမယ့် လိုတာထက်ပိုပြီးတော့ ဂရုစိုက်မှာမဟုတ်ပါဘူး၊ ဘို်င်ယန်ကစားသမားတွေအကြောင်း ကျွန်တော်ကောင်းကောင်းသိထားပြီး သူတို့ထင်နေသလိုမျိုးတော့ ကျွန်တော်တို့က ဟုတ်မှာမဟုတ်ဘူး၊ သူတို့ရင်ဆိုင်ရမှာက ဘွန်ဒက်လီဂါကလပ်မဟုတ်ပါဘူး"

"ဘာစီလိုနာပါ၊ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းပါ၊ ပရိသတ်တွေသံသယရှိနေမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ လိဂ်မှာ ကျွန်တော်တို့အဆင့်ကို မပြသနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့မှာ မက်ဆ်ီအပြင် အခြားကစားသမားကောင်းတွေရှိပါသေးတယ်၊ ဒါကြောင့် ကျွန်တေ်ာတို့က ကမ္ဘာ့အကောင်းဆုံးအသင်းလို့ပြောတာပေါ့၊ မနက်ဖြန်မှာ ဒါကိုပြသသွားချင်ပါတယ်" လို့ ဗီဒယ်က ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ဒီနှစ်သင်းတွေ့ဆုံတဲ့ ပွဲကတော့ ကွာတားဖိုင်နယ်တွေထဲမှာ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီး ဗိုလ်စွဲနိုင်တဲ့ အသင်းနှစ်သင်း စောစောစီးစီးထိပ်တိုက်ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 



က္က