ဒီရာသီတွေ့ဆုံမှုမှာ ရီးရဲလ်က အသာစီးရခဲ့တာပါ။

ကော်တွိုက်စ်ကတော့ ရာသီပြီးဆုံးအောင်ကစားချင်တယ်လို့ ဝန်ခံခဲ့ပြီး သူတို့အသင်းက ချန်ပီယံဖြစ်နိုင်သေးတယ်လို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားကော်တွိုက်စ်က သူတို့အသင်းဟာ ဒီရာသီမှာ ဘာစီလိုနာထက် ပိုမိုကောင်းမွန်တာကြောင့် ရာသီဖျက်သိမ်းခဲ့မယ်ဆိုရင်တောင် ဘာစီလိုနာကို ချန်ပီယံအဖြစ်မသတ်မှတ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဘာစီလိုနာထက် ၂မှတ်လျော့ကာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

လက်ရှိမှာ စပိန်၊ အင်္ဂလန်၊ အီတလီနဲ့ ဘွန်ဒက်လီဂါတို့ကတော့ ဆက်လက်ကစားဖို့ စိုင်းပြင်းနေပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ပြင်သစ်လိဂ်တွေကတော့ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ကော်တွိုက်စ်ကတော့ ရာသီပြီးဆုံးအောင်ကစားချင်တယ်လို့ ဝန်ခံခဲ့ပြီး သူတို့အသင်းက ချန်ပီယံဖြစ်နိုင်သေးတယ်လို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

"ရာသီပြီးဆုံးအောင် ကစားသွားချင်ပါတယ်၊ ကျွန်တော်တို့က ဘာစီလိုိနာနောက်မှာ ၂မှတ်ကွာနေတာပါ၊ ဒါကြောင့် ချန်ပီယံဖြစ်နိုင်ပါသေးတယ်၊ ရာသီဖျက်သိမ်းခဲ့မယ်ဆိုရင်တော့ ကံဆိုးတာပါပဲ၊ ဥပမာအနေနဲ့ပြောမယ်ဆိုရင် ပြင်သစ်မှာ အသင်းနှစ်သင်းတန်းဆင်းရပါတယ်၊ သူတို့အနေနဲ့ လက်ကျန်ပွဲတွေမှာ ရုန်းကန်နိုင်စွမ်းရှိသေးလို့ ဒီလိုသတ်မှတ်တာကို နှစ်သက်မှာမဟုတ်ပါဘူး၊ နယ်သာလန်မှာဆိုရင် ချန်ပီယံအသင်းမဖြစ်သလို တန်းတက်တန်းဆင်းလည်းမရှိပါဘူး"

"ဒုတိယတန်းကနေ တန်းတက်လာမယ့်အသင်းတွေကတော့ ကံဆိုးတာပေါ့၊ ဒါကြောင့် လာလီဂါကို ရပ်ဆိုင်းမယ်ဆိုရင် ဘာစီလိုနာက ချန်ပီယံဖြစ်နိုင်ပါတယ်၊ ဒါက မှန်ကန်တဲ့နည်းလမ်းလို့ ကျွန်တော်ကတော့မထင်ဘူး၊ ဘာစီလိုနာနည်းပြအတွက်လည်း ဒါက ယုတ္တိရှိမယ်မထင်ပါဘူး၊ သူတို့က ကျွန်တော်တို့ကို တစ်ပွဲရှုံးပြီး တစ်ပွဲသရေကျခဲ့တာပါ၊ ဒါကြောင့် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဆိုတာပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် နှစ်မှတ်ကွာဟနေပြီး သူတို့ကိုချန်ပီယံအဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော်သဘောမတူပါဘူး" လို့ ကော်တွိုက်စ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

စပိန်အစိုးရကတော့ ကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွေပြုလုပ်ပြီးရင် ဒီတစ်ပတ်အတွင်းမှာ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့ပြီးဖစြ်ပါတယ်။ ကော်တွိုက်စ်ကတော့ ဒီနေ့မှာ ဆေးစစ်မှုတွေခံယူဖွယ်ရှိတယ်လို့ သိရပြီး လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ဖို့ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ 



က္က