၅၈ မိနစ်မှာ ဝီလ်ဆဲနဲ့အတူ လဲကျရင်း မလိုလားအပ်ပဲ တံတောင်နဲ့ ရိုက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဝါကဒ်သာ ပြသခဲ့တာပါ။

Axel Witsel grabs his face in pain after Neymar appeared to elbow him on Tuesday night



ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာနေမာအနေနဲ့ ပြိုင်ဖက်ကစားသမား ဝီလ်ဆဲလ်ကို တံတောင်နဲ့ တွတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က မမြင်ခဲ့ပဲ အဝါကဒ်သာ ပြသခံခဲ့ရပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဝီလ်ဆဲလ်ဆီက ဘောလုံးကို ယှဥ်လုရင်း နှစ်ဦးသား လဲအကျမှာ နေမာက မလိုလားအပ်ပဲ တံတောင်နဲ့ ဝီလ်ဆဲလ်ကို တွတ်ခဲ့တာပါ။




ဒီဖြစ်ရပ်မှာ နေမာအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ ယူဆနိုင်ပြီး ဒါကိုတော့ ကွင်းလယ်ဒိုင်လူကြီး မ မြင်ခဲ့လို့ ဘောလုံးယှဥ်လုဖို့ ကြိုးစားရင်း ခြေထိုးခံခဲ့တဲ့အပေါ်မှာပဲ အဝါကဒ်ပြခဲ့တာပါ။

The PSG star fell onto the Belgian midfielder and then appeared to elbow him in the face

ဒီဖြစ်စဥ်အပေါ် လီဗာပူးကစားသမား‌ဟောင်းဖြစ်တဲ့ ဒေါ့မွန်ကစားသမား အမ်မရီချမ်က စတုတ္ထဒိုင်လူကြီးထံ အပြေးအလွှားသွားပြီး ပြစ်ဒဏ်ကို သေချာ စစ်ဆေး‌ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အချည်းအနှီးသာ။

နေမာကတော့ ပီအက်စ်ဂျီအတွက်လိုအပ်နေတဲ့ အဖိုးတန် အဝေးဂိုးချေပဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က