ရာသီကုန်တိုင်းမှာ အသင်းကနေ ထွက်ခွာခွင့်ရရှိထားသူပါ။

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ အတောက်ပဆုံးကစားသမားဘဝ ပိုင်ဆိုင်ခဲ့တဲ့ နူးကမ့်မှာပဲ ဆက်နေလိုတဲ့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပေမယ့် အသင်းအနေနဲ့ ဆက်လက်ပြီး ဆုဖလားတွေကို ရယူနေမှသာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့အနာဂတ်ဟာ ရာသီကုန်တိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာခွင့်ပြုထားတဲ့ စာချုပ်ပါအချက်ကြောင့် မရေမရာဖြစ်လာနေပြီး အားလံုံးရဲ့ အာရုံစိုက် စောင့်ကြည့်ခြင်းခံနေရတာဖြစ်ပါတယ်။

ဘာစီလိုနာဒုဥက္ကဌက ယခုအပတ်မှာ မက်ဆီအနေနဲ့ အချိန်မရွေး သင့်တော်မယ်ထင်ရင် အသင်းကနေ ထွက်ခွာနိုင်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ မက်ဆီက ၎င်းရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ၎င်းရဲ့ကစားသမားဘဝ အစွမ်းကုန်တောက်ပခဲ့တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာလိုတဲ့ဆန္ဒမရှိကြောင်း အတည်ပြု ပြောကြားခဲ့ပေမယ့် ဆုဖလားတွေကို ဆက်လက်ရယူသွားလိုတဲ့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဆုဖလားတွေ ရယူချင်တယ်။ ဒီအသင်းမှာ ကျွန်တော် ဆုဖလားတွေ ရယူချင်တယ်ဆိုတာ ရှင်းပါတယ်။ ဒါက ကျွန်တော့်အိမ်ပဲ။ ကျွန်တော် ဘယ်နေရာကိုမှ သွားချင်တဲ့ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ဆက်ပြီးတော့ ယှဉ်ပြိုင်ပြီးဆုဖလားတွေ ရယူလိုပါတယ်”

“ကျွန်တော့်ရဲ့ စိတ်ကူးက ဒီနေရာမှာ ကောင်းကောင်းစွမ်းဆောင်နိုင်သရွေ့နဲ့ ကျွန်တော့် ခန္ဓာကိုယ်က ခွင့်ပြုသေးသရွေ့ ကစားသွားဖို့ပါ။ အဲဒါပြီးရင်တော့ အရင်တုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့အတိုင်း ကျွန်တော့်စာချုပ်က ကျွန်တော့်ကို စိတ်ပူစေနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကိုုယ့်ဘာသာတောင် စီမံခန့်ခွဲနိုင်ပါသေးတယ်”

“ကျွန်တော့်အဖေက ဒီကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဌနဲ့ ဒါမှမဟုတ် သူ ကစားပြောဖို့လိုတဲ့ ဘယ်သူနဲ့မဆို ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော့်ရဲ့အတွေးကို ကျွန်တော် ဖော်ပြရုံသက်သက်ပါ”လို့ Sport ကို ပြောကြားခဲ့ပါတယ်။



က္က