မန်ယူအသင်းကတော့ ဒီဂျာစီကို အတည်ပြုပေးခြင်း မရှိသေးဘူးလို့တော့သိရပါတယ်။
Kyaw Ko Ko Sint

အဆိုပါ ဂျာစီကို မန်ယူအသင်းက အတည်ပြုခြင်း မရှိသေးပေမယ့်လည်း Daily Mailရဲ့ ဖော်ပြချက်အရ မန်ယူ ဆုဖလားရရှိခဲ့တဲ့ နေ့ရက်တွေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သွင်းခဲ့တဲ့ ဂိုးသွင်းချိန်တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မန်ယူအသင်းအနေနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် ဂျာစီသစ်ဒီဇိုင်းကို Daily Mailက ဖော်ပြခဲ့ပြီး ၁၉၉၉ ခုနှစ်တုန်းက ဂျာစီဒီဇိုင်းကို အခြေခံပြီး ပြန်လည်ဆန်းသစ် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ ဖလား ၃ လုံး ရရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းက အောင်မြင်ခြင်းဂျာစီကို ပြန်လည်ဆန်းသစ် ထုတ်လုပ်ထားဟန်ရှိပြီး မန်ယူအသင်းကတော့ ဒီဂျာစီအပေါ်မှာ အတည်ပြုခြင်း မရှိသေးဘူးလို့လည်း Daily Mail ပြောပါတယ်။



မန်ယူရဲ့ ၁၉၉၉ ခုနှစ် ဂျာစီမှာ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ အငွေ့အသက်တွေ များစွာပါဝင်နေပြီး အဲ့ဒီတုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆိုးလ်ရှားက မအနိုင်ဂိုးသွင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ အဆိုပါဂျာစီမှာ မန်ယူအသင်း ၁၉၉၉ ခုနှစ်မှာ ဆုဖလားတွေရရှိခဲ့တဲ့ ဗိုလ်လုပွဲကစားရာ နေ့ရက်တွေကို ထည့်သွင်းဖော်ပြထားတယ်လို့လည်း သိရပါတယ်။ မန်ယူက ၁၆.၅.၉၉ မှာ ပရီးမီးယားလိဂ်ဆုဖလား ရရှိခဲ့ပြီ၊ ၂၂.၅.၉၉ မှာ အက်ဖ်အေဆုဖလား ထပ်မံရရှိခဲ့ကာ ၂၆.၅.၉၉ မှာတော့ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့တာပါ။

ဒီ နေ့ရက်တွေအားလုံးကို ဂျာစီမှာ ထည့်သွင်းထားတာသာမကပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက မန်ယူအသင်း ရယူခဲ့တဲ့ သွင်းဂိုးတွေရဲ့ ဂိုးသွင်းချိန်တွေ ဖြစ်တဲ့ ၉၀+၁ နဲ့ ၉၀+၃ တို့ကိုလည်း ထည့်သွင်းဖော်ပြထားသေး ကြောင်း Daily Mail က ဖော်ပြထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က