ဆော််််််ဒီမှာ ကစားဖို့ ဆုံးဖြတ်ချိန် ‌ဝေဖန်မှုတွေနဲ့ ခံခဲ့ရပါတယ်။
Kyaw Ko Ko Sint

ပါဝင်တဲ့အသင်းတွေက ပြိုင်ပွဲဝင်ကြေးတွေရရှိခဲ့ပေမယ့် တစ်သင်းနဲ့တစ်သင်း ဆုကြေး မတူဘူးလို့ သိရပြီး ရီးရဲနဲ့ ဘာစီလိုနာက အများဆုံးလို့ သိရပါတယ်။

စပိန်စူပါဖလားကို စနစ်ဟောင်းတစ်ခုနဲ့ ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ရာမှာတော့ ဒီနှစ်မှာ အာရှတိုက်အတွင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပဖို့ သတ်မှတ်ထားခဲ့ကြပါတယ်။



အခုလို ဆော်ဒီမှာ ကစားဖို့ လုပ်ဆောင်ရခြင်းက ငွေမျက်နှာတစ်ခုတည်းက လွဲရင် ကျန်တာ ဘာမှ မရှိဘူးလို့လည်း ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီက ထောက်ပြ ပြောဆိုလာတဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အခုပြိုင်ပွဲစနစ်ကတော့ မနှစ်က လိဂ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ၂ သင်းရယ် ရှုံးထွက်ဗိုလ်လုပွဲတက်ရောက်နိုင်တဲ့ ၂ သင်းရယ် ပါဝင်လာမှာ ဖြစ်ပါတယ်။   

“ဘောလုံးရဲ့ အခြေခံက စီးပွားရေးဆန်လာပါပြီ။ဒါကလည်း ဝင်ငွေကြောင့်ပဲ ဖြစ်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ ဆော်ဒီကို ရောက်နေကြရတာပါ။”လို့ ဗယ်လ်ဗာဒီက ဆိုလိုက်ပါတယ်။

မနေ့ကတော့ ရီးရဲနဲ့ ဗလင်စီယာတို့ ဆီမီးဖိုင်နယ် ပွဲအဖြစ် ကစားခဲ့ကြပြီး ရီးရဲက ၃-၁ နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲမှာ ကြိုစောင့်နေပြီ ဖြစ်ပါတယ်။

စပိန်စူပါဖလားကို ဆော်ဒီမှာ ကျင်းပမယ်လို့သတင်းထုတ်ပြန်တော့ ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပါသေးတယ်။အ ကြောင်းကတော့ ဆော်ဒီမှာ လူ့အခွင့်အရေးများစွာနဲ့ ပတ်သက်ပြီး ပြဿနာများစွာ ရှိနေလို့ပါ။

ဒါပေမယ့်လည်းနောက်ဆုံးမှာတော့ ဆော်ဒီအနေနဲ့ အမျိုးသမီးတွေကို ဘောလုံးပွဲ ကြည့်ရှုခွင့်ပေးခဲ့တာကြောင့် သဘောတူညီမှု အထမြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အခုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ ကိုပါဒယ်ရေး ချန်ပီယံ ဗလင်စီယာအသင်းကတော့ ပြိုင်ပွဲကနေ ယူရို ၂ သန်းသာ ရရှိခဲ့လို့ မပျော်ဘူးလို့ သိရပါသေးတယ်။

အခြားအသင်းတွေဖြစ်တဲ့ ရီးရဲနဲ့ ဘာစီလိုနာက ၆သန်းစီရခဲ့ပြီး အက်သလက်တီကိုက ၃ သန်းထိရရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ဆီမီးဖိုင်နယ်အဖြစ် ဆက်လက်ကစားမှာ ဖြစ်ပြီး အနိုင်ရတဲ့အသင်းနဲ့ ရီးရဲအသင်းတို့ ဗိုလ်လုပွဲ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က