အေတီကိုနဲ့ ၂ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ဘာစီလိုနာအတွက် ဂိုးပေါင်း ၆၃၀ ပြည့်မြောက်ခဲ့ပြီး အာဂျင်တီးနားအတွက် ဂိုးပေါင်း ရဝအထိ သွင်းယူထားခဲ့လို့ မက်ဆီဟာ စုစုပေါင်း ဂိုး ၇၀၀ ပြည့်မြောက်ခဲ့ကာ ဂိုးသွင်းယူအပြီးမှာတော့ Thanos လို လက်ဖျစ်တီးအောင်ပွဲခံခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ပယ်နယ်တီကတဆင့် လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူပေးနို်င်ခဲ့ပြီးနောက် မက်ဆီဟာ ကစားသမားဘဝဂိုးပေါင်း ၇၀၀ အထိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း သရေရလဒ်သာရရှိခဲ့လို့ အသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီလည်းဖြစ်ပါတယ်။

နောက်ဆုံးလေးပွဲမှာ သုံးပွဲအထိသရေကျခဲ့တာဖြစ်ပြီး လာလီဂါအမှတ်ပေးဖလားအတွက် အဓိကပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ဟာ နောက်တစ်ကြိမ်အခွင့်အရေးရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဆယ်လ်တာဗီဂိုနဲ့ သရေကျခဲ့လို့ ဘာစီလိုနာဟာ ရီးရဲလ်နဲ့ ၂မှတ်ကွာဟသွားခဲ့ပြီး ရီးရဲလ်က လာမယ့်ပွဲကိုအနိုင်ရခဲ့မယ်ဆိုပါက ၄ မှတ်အထိကွာဟတော့မှာဖြစ်ပါတယ်။

မက်ဆီကတော့ ပယ်နယ်တီအခွင့်အရေးကို အကောင်းဆုံးအသုံးချခဲ့ပြီး လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဂိုးပေါင်း ၆၃၀ ပြည့်မြောက်ခဲ့ပြီး အာဂျင်တီးနားအတွက် ဂိုးပေါင်း ရဝအထိ သွင်းယူထားခဲ့လို့ မက်ဆီဟာ စုစုပေါင်း ဂိုး ၇၀၀ ပြည့်မြောက်ခဲ့ကာ ဂိုးသွင်းယူအပြီးမှာတော့ စူပါဟီးရိုဇာတ်လမ်းတွေထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့  Thanos လို လက်ဖျစ်တီးအောင်ပွဲခံခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း အက်သလက်တီကိုမက်ဒရစ်က ပယ်နယ်တီပြန်လည်ရရှိခဲ့ပြီးနောက် ချေပဂိုးသွင်းယူခဲ့ကာ ဆုဖလားအတွက် အရေးကြီးနေတဲ့အချိန်မှာ သူတို့ရဲ့မြို့ခံပြိုင်ဘက်ရီးရဲလ်ကို အခွင့်အလမ်းသာသွားစေခဲ့ပါတယ်။ မက်ဆီအတွက်တော့ သူ့ရဲ့စံချိန်မှတ်တမ်းအတွက် အပြည့်အဝပျော်ရွှင်ခွင့်မရရှိခဲ့ဘဲ အသင်းရလဒ်ပိုင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

လာလီဂါပြိုင်ပွဲကတော့ ပွဲစဉ် ၃၃ အထိ ရောက်ရှိနေပြီဖြစ်ပြီး လက်ကျန် ၅ ပွဲသာကျန်တော့တာဖြစ်ပါတယ်။ မနက်ဖြန်မှာ ရီးရဲလ်က ဂီတာဖေးနဲ့ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိ်ုပါက လေးမှတ်အထိဖြတ်တောက်နိုင်မှာလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရလည်း ရီးရဲလ်က အသာစီးရရှိထားလို့ လက်ကျန်ငါးပွဲဟာ ဘာစီလိုနာအတွက် လုံးဝအတိမ်းအစောင်းခံလို့မရတော့တာလည်းဖြစ်ပါတယ်။ 


Author


က္က