ကွင်းလယ်ဒိုင်က ဒိုင်ဘောအဖြစ် ပြန်လည်သတ်မှတ်ခဲ့ရပြီး ဒီဖြစ်စဥ်အပေါ် မန်စီးတီး ပရိသတ်တွေက လူမှုကွန်ရက်ကတဆင့် စနောက်မှုမှား ပြုလုပ်ခဲ့ကြပါတယ်။
မန်စီးတီးက ဝက်စ်ဟမ်းကို ၂-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ မန်စီးတီး ဘောကောက် ကလေး(Ball Boy)ရဲ့ မတော်တဆအမှားကြောင့် ပွဲကို ခဏရပ်နားခဲ့ရပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာ ဆာဂျီရို အဂူရိုရဲ့ ဖြတ်တင်ပေးပို့မှုက ဂိုးကို ကျော်လွန်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ညာတောင်ပံ ဖက်ကို ရောက်သွားခဲ့ရာမှာ ဘောလုံးက စည်းအပြင်မထွက်သေးပဲ ဘောကောက်ကလေးက ဘောလုံးကိုယူလိုက် တာပါ။
အဲ့နောက်ခပ်မြန်မြန်ပဲ ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးထံ ပေးပို့လိုက်ချိန်မှာတော့ ကွင်းလယ် ဒိုင်လူကြီးက တွေ့သွားပြီး ပွဲကို ခေတ္တရပ်က ဒိုင်ဘောအဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
ဖြစ်စဥ် ဖြစ်ဖြစ်ချင်းမှာပဲ မန်စီးတီး ဝန်ထမ်းအဖွဲ့ဝင်တွေက ဘောကောက်ကလေးဆီ ပြေးသွားပြီး သူ့ရဲ့ အမှားအတွက် ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြတာပါ။
အလားတူ ပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာကတဆင့် ရယ်စရာ ဟာသစာလေးတွေနဲ့ ဘောကောက်ကလေး ကိုကိုယ်ချင်းစာတဲ့အကြောင်းတွေ ရေးသား ခဲ့ကြတယ်လို့လည်း Daily Mail ကဆိုပါတယ်။
@EdFordyက ငါတို့ထက်တောင် သူက ဘောလုံးထိချက် ပိုများသေးတယ်ဟလို့ ရယ်စရာ စနောက်ခဲ့သလို အခြားသူ တစ်ဦးကလည်း ဒီကလေးလေးကတော့ ငါတို့ မန်စီးတီး ပရိသတ်တွေရဲ့ အသည်းကို နည်းနည်းတော့ ခွဲလိုက်တယ်လို့လည်း စနောက်နေကြတာပါ။
@CharlburyBaggie ဆိုတဲ့ သူကလည်း ဝက်စ်ဟမ်းအသင်းရဲ့ နောက်ခံလူ ဖြစ်သွားတဲ့ မန်စီးတီး ဘောကောက် ကလေးလို့ စခဲ့ပြန်ပါသေးတယ်။
နောက်တစ်ဦးကလည်း ဒီတစ်ကြိမ်မှာလည်း VAR စနစ်က ကျရှုံးခဲ့ပြန်ပြီလို့ ရယ်စရာ ပြောခဲ့ပြီး အနီကဒ်ပြသင့် တယ်လို့လည်း ပြောခဲ့ စခဲ့ကြတာပါ။
မန်စီးတီးကတော့ အခုပွဲမှာ ၂-၀ နဲ့ နိုင်ခဲ့ပြီး အဆင့် ၂ နေရာကို ၅၄ မှတ်နဲ့ ပိုင်ပိုင်နိုင်နိုင်ရယူထားနိုင်ကာ လာမယ့် အပတ်မှာတော့ ရီးရဲနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ကစားဖို့ ရှိပါတယ်။
Content Editor/Reporter