ဘယ်ကစားသမားမှ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

၂၀၂၀ ခုနှစ်အတွင်းမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၃ ကြိမ်ရှိခဲ့ကာ ၉ ဂိုးသွင်းယူပြိး ၄ကြိမ်ဖန်တီးပေးထားခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ သူ့ရဲ့စွမ်းဆောင်ရည်ကိုလိုက်မီတဲ့သူ တစ်ဦးမှရှိမနေခဲ့ဘူးလို့လည်း သိရပါတယ်။


လေဗာကူဆင်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကိုင်ဟာဗက်ဇ်ဟာ မနေ့ကကစားခဲ့တဲ့ ဖရိုင်းဘတ်နဲ့ပွဲမှာ အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဘွန်ဒက်လီဂါမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၅၄ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကြောင့် နိုင်ပွဲရခဲ့သလို အဆင့် ၃ နေရာအထိ လေဗာကူဆင်က တက်လှမ်းနိုင်ခဲ့ပါတယ်။

ဟာဗက်ဇ်အတွက်တော့ အဆိုပါသွင်းဂိုးက ၂၀၁၆ က စတင်ပြီး ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ဘွန်ဒက်လီဂါမှာ သွင်းဂိုး ၃၅ ဂိုးပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အသက် ၂၁နှစ်မပြည့်ခင်မှာပဲ ဒီလို ၃၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ဟာဗက်ဇ်အတွက်တော့ ဂုဏ်ယူစရာမှတ်တမ်းဖြစ်ခဲ့ရတယ်လို့ OptaFranz က ဖော်ပြခဲ့ပါတယ်။ 

ပြန်လည်စတင်ကစားနေပြီဖြစ်တဲ့ ဘွန်ဒက်လီဂါ ၄ ပွဲမှာ ဟာဗက်ဇ်ရဲ့ သွင်းဂိုးက ၅ ဂိုးအထိ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမှတ်တမး်ကိုလည်း ဘယ်သူကမှ လိုက်မီသေးခြင်းမရှိသေးဘဲ ပြန်လည်စတင်ချိန်မှာ ခြေစွမ်းအပြနိုင်ဆုံးကစားသမားအဖြစ်နဲ့လည်း ဟာဗက်ဇ်ကရှိနေပြီး ဒီရာသီမှာ လေဗာကူဆင်အတွက် လိဂ်ဂိုး ၁၁ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်းမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၃ ကြိမ်ရှိခဲ့ကာ ၉ ဂိုးသွင်းယူပြိး ၄ကြိမ်ဖန်တီးပေးထားခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ သူ့ရဲ့စွမ်းဆောင်ရည်ကိုလိုက်မီတဲ့သူ တစ်ဦးမှရှိမနေခဲ့ဘူးလို့လည်း သိရပါတယ်။ ဟာဗက်ဇ်အနေနဲ့ လေဗာကူဆင်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမား ၁ဝဦးစာရင်းထဲကို ဝင်ရောက်နိုင်ဖို့ကလည်း ၇ ဂိုးသာ လိုအပ်တော့တယ်လို့ သိရပါတယ်။ 

ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့လိုအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဒီကစားသမားဟာ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့နီးစပ်နေသူလည်းဖြစ်ပါတယ်။ ကစားသမားဘက်ကတော့ အသင်းကိုလေးစားတဲ့အနေနဲ့ အနာဂတ်နဲဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ဘာမှထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က