ဟော့ဖန်ဟိမ်းနဲ့ ဟာသာဘာလင်တို့ပွဲစဉ်မှာ ဖြစ်ခဲ့တာပါ။

ပြန်လည်စတင်ခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီလက်ကျန်ဘွန်ဒက်စ်လီဂါပွဲစဉ်များအတွင်း COVID-19 အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းများကို ဖောက်ဖျက်တဲ့ကစားသမားအချို့ရှိ နေခဲ့တာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ဘွန်ဒက်စ်လီဂါပွဲစဉ်များအတွင်း COVID-19 အတွက်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို ဖောက်ဖျက်တဲ့ ကစားသမားတွေရှိနေပေမယ့် ပရိသတ်တွေအကြားမှာတော့ထော က်ခံမှုတွေရှိနေခဲ့ပြီး လူသားဆန်တဲ့အခြေအနေတစ်ခုကို ပိုပြီးလက်ခံရမယ်လို့ သတ်မှတ်နေကြခြင်းကို goal. Com ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ ရုပ်ပုံတွေအရ ဟော့ဖန်ဟိမ်း-ဟာသာဘာလင်ပွဲစဉ်အတွင်းဟာသာဘာ လင်နောက်ခံလူဘိုယာတာရဲ့ အောင်ပွဲခံမှုတွင် အသင်းဖော်ဂရုဂျက်ကို ဖတ်လှဲတကင်းအောင်ပွဲခံခဲ့မှုများကိုမြင် တွေ့ခဲ့ရတာဖြစ်ပြီး ပရိသတ်အများစုကတော့ ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။



“ အောင်ပွဲခံနေချိန်အတွင်း စိတ်ခံစားချက်အရ တဒင်္ဂပြုလုပ်ခဲ့တာပါ။ ကစားသမားအားလုံးက ၆ကြိမ်ထက်မန ည်းစစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ပရိသတ်အချို့အနေနဲ့ ကွင်းအတွင်းက ဖြစ်ရပ်အချို့အတွက် သဘောထားကြီးကြီး နဲ့နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ဟာသာဘာလင်နည်းပြလာဘာဒီယာကပွဲအပြီးမှာမှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝေဖန်အချို့ရှိလာခဲ့ပေမယ့် ပရိသတ်အများစုရဲ့ထောက်ခံမှုရရှိခဲ့သလို ပွဲတိုင်းမီတိတိကျ ကျစစ်ဆေးခဲ့မှုများ၊ သတ်မှတ်ထားတဲ့ အရည်အချင်းမီစိစစ်မှုများကို လက်ခံထားပြီးဖြစ်တဲ့ ကစားသမားတွေ ကြောင့် စည်းကမ်းဖောက်ဖျက်မှုဖြစ်ပေမယ့် ဘွန်ဒက်စ်လီဂါတာဝန်ရှိသူတွေအနေနဲ့ အရေးယူမှုတွေပြုလုပ်ဖို့မ ရှိဘူးလို့လည်း သိရပါတယ်။

ဥရောပထိပ်တန်းအမှတ်ပေးလိဂ်များတွင် ပထမဦးဆုံးပြန်လည်စတင်နိုင်ခဲ့တဲ့ ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်ကို ပရိ သတ်အများစုကစောင့်ကြည့်ဖြစ်ခဲ့သလို ထိပ်သီးအသင်းတွေဖြစ်တဲ့ ဒေါ့မွန်၊ မိုချင်ဂလတ်ဘတ်၊ဝုဖ်ဘတ်အသင်း သားတွေရဲ့ စည်းကမ်းတကျအောင်ပွဲခံခဲ့ခြင်းများအပေါ်တွင်လည်း ပရိသတ်အများစုက အသိအမှတ်ပြုအားပေး ခဲ့ကြပါသေးတယ်။

Share

Loading Next Article...
က္က