ဘွန်ဒက်စ်လီဂါပွဲစဉ်တိုင်းကို အခမဲ့ကြည့်ရှု့ရနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။

မေ ၁၆ရက်မှာ ပြန်လည်စတင်ဖို့ရှိနေတဲ့ ဂျာမနီဘွန်ဒက််စ်လီဂါပွဲစဉ်တွေကို ထုတ်လွှင့်ခွင့်ရထားတဲ့ BT Sports အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း အခမဲ့ထုတ်လွှတ်ဖို့ရှိနေပါတယ်။

ဗြိတိန်အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ BT Sports အနေနဲ့ မကြာမီပြန်လည်စတင်တော့မယ့် ဂျာမနီဘွန်ဒက်စ် လီဂါပွဲစဉ်တွေကို အခမဲ့ထုတ်လွှင့်ပြသဖို့အတွက် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



BT Sports အနေနဲ့ ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို ဗြိတိန်နိုင်ငံအတွင်း ထုတ်လွှင့်ပြသခွင့်ရရှိထားတဲ့ ရုပ်သံ ကုမ္ပဏီဖြစ်ပြီး လိဂ်တာဝန်ရှိသူတွေနဲ့ ရုပ်သံကုမ္ပဏီတို့ကြား ညှိနှိုင်းမှုအချို့အဆင်ပြေခဲ့ပြီးနောက် ပရိသတ်တွေ အတွက် အခမဲ့ထုတ်လွှင့်ပြသဖို့ သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။


လာမယ့်ရက်သတ္တပတ်အတွင်း ပြန်လည်စတင်တော့မယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေအားလုံးကို COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေကြောင့် ပရိသတ်ဝင်ခွင့်မရှိဘဲ ကွင်းပိတ်ကစားမှာဖြစ်လို့ ရုပ်သံကနေသာ ကြည့်ရှုနိုင်မှာဖြစ်ပေမယ့် ရုပ်သံကုမ္ပဏီအားလုံးက အခမဲ့ထုတ် လွှင့်ဖို့ စီစဉ်နေကြတာပါ။

သတင်းဖော်ပြမှုတွေအရ BT Sports ရဲ့ အခမဲ့ထုတ်လွှင့်ပြသဖို့ သဘောတူညီခဲ့ခြင်းက ရုပ်သံထုတ်လွှင့်ခွင့်တ ဆင့်ရယူထားနိုင်တဲ့ အခြားသောဥရောပနိုင်ငံတွေမှာလည်း ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို အခမဲ့ကြည့်ရှု့ခွ င့်ရဖို့ အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

BT Sports အနေနဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်အချို့ကိုလည်း အ ခမဲ့ကြည့်ရှု့နိုင်ဖို့အတွက် စီစဉ်နေမှုများရှိနေတယ်လို့ ဆက်စပ်သတင်းတွေအရ သိရပြီး အခမဲ့အွန်လိုင်းတီဗီတ စ်ခုဖြစ်တဲ့ Youtube ကနေလည်း ကြည့်ရှု့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



က္က