အသင်းအတွက် တစ်ပွဲတည်း ၂ကြိမ်ဖန်တီးပေးတဲ့ အသက်အငယ်ဆုံးစံချိန်ရှင်ဖြစ်လာတာပါ။
Pyae Phyo Thein

လီကန်အင်အနေနဲ့ ဗလန်စီယာတိုက်စစ်ပိုင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိဖို့ အလားအလာအများကြီးကောင်းနေပြီဖြစ်ပြီးတော့ တောင်ကိုရီးယားရဲ့ နောက်ထပ်နာမည်ကျော်ကစားသမားဖြစ်လာမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


ဗလန်စီယာအသင်းက လီဗန်တေးကို အိမ်ကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ရာမှာတော့ တောင်ကိုရီးယားလူငယ်ကြယ်ပွင့် လီကန်အင်က အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုနှစ်ကြိမ်အထိ ပြုလုပ်ပေးခဲ့ကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ အဓိကကစားသမားအများအပြားကို ဘဏ္ဍာရေးပြသနာကြောင့် ရောင်းချခဲ့ရတဲ့ ဗလန်စီယာအတွက်တော့ လာလီဂါအဖွင့်ပွဲက စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

အသက် ၁၉ နှစ်နဲ့ ၂၀၇ ရက်သာရှိသေးတဲ့ လီကန်အင်ဟာ ဖီဖာလူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထင်ရှားလာခဲ့သူဖြစ်ပြီးတော့ ဗလန်စီယာအသင်းက လက်ဦးမှုရရှိအောင်ခေါ်ယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဗလန်စီယာအသင်းကြီးအတွက် ၂ရာသီသာကစားပေးထားရသေးပြီး ပထမရာသီမှာ ပြိုင်ပွဲစုံ ၁၁ ပွဲနဲ့ ပြီးခဲ့တဲ့ရာသီမှာ ၂၄ ပွဲအထိ ကစားပေးခဲ့ကာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီအစမှာတော့ သူက အသင်းအတွက် တစ်ပွဲတည်းမှာပဲ ဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးတော့ ဒါဟာ ၂၁ရာစုအတွင်းမှာ ဗလန်စီယာအတွက် လာလီဂါပွဲတစ်ပွဲတည်းမှာ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူ့အရင်မှာ ဒီစံချိန်ကိုရယူထားခဲ့သူကတော့ အသင်းကစားသမားဟောင်း၊ လက်ရှိယူနိုက်တက်ကွင်းလယ်လူမာတာဖြစ်ပြီး အသက် ၂၀ နဲ့ ၁၅၀ ရက်မှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

လီကန်အင်အနေနဲ့ ဗလန်စီယာတိုက်စစ်ပိုင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိဖို့ အလားအလာအများကြီးကောင်းနေပြီဖြစ်ပြီးတော့ တောင်ကိုရီးယားရဲ့ နောက်ထပ်နာမည်ကျော်ကစားသမားဖြစ်လာမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ တောင်ကိုရီးယား ယူ၂၀ အသင်းအတွက် ၂၀၁၉ ဖီဖာလူငယ်ကမ္ဘာ့ဖလားမှာ ဒုတိယနေရာရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ရွှေဘောလုံးဆုရရှိခဲ့သလို ပြီးခဲ့တဲ့နှစ်က အာရှရဲ့အကောင်းဆုံးလူငယ်ကစားသမားဆု၊ တောင်ကိုရီးယားတစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုရရှိထားခဲ့ပါတယ်။ 


Author


က္က