အင်တာမီလန်အတွက် လိဂ် ၄ ပွဲမှာ ၃ ဂိုးထိသွင်းယူပေးထားနိုင်ပါပြီ။

ပထမဆုံး မီလန်ဒါဘီမှာ နှစ်ပေါင်း ၁၀၀ကျော်အတွင်း ပထမဆုံး မီလန်ဒါဘီရဲ့ ဘယ်လ်ဂျီယံသား ဂိုးသွင်းရှင် ဖြစ်လာခဲ့တာပါ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မီလန်ဒါဘီမှာ အင်တာမီလန်အသင်းက ၂-၀ နဲ့ အနိုင်ရပြီး စီးရီးအေ ၄ ပွဲကစား ၄ ပွဲနိုင်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



အင်တာမီလန်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ ဘရိုဇိုဗစ်နဲ့ ၇၈ မိနစ်မှာ လူကာကူတို့က သွင်း ယူပေးခဲ့တာပါ။

လူကာကူကတော့ ဒီနှစ်မှာမှ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကနေ အင်တာမီလန်ကို ပြောင်းရွှေ့လာပြီး အသင်းအတွက် လိဂ် ၄ ပွဲမှာ ၃ ဂိုးထိသွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။



အခုလို မီလန်ဒါဘီမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူကာကူကတော့ ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်တာကြောင့် မီလန် ဒါဘီမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံသားအဖြစ် နှစ်ပေါင်း ၁၀၀ကျော်အတွင်း ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၁၉၁၄ ခုနှစ်က မီလန်ဒါဘီမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ ကစားသမားပြီးရင် မီလန်ဒါဘီမှာ ဂိုးသွင်းယူနိုင်တဲ့ ဘယ်လ်ဂျီယံသား ကစားသမားမရှိတော့ပဲ လူကာကူက သူ့ရဲ့ ပထမဆုံးမီလန်ဒါဘီပွဲစဉ်မှာပဲ နှစ်ပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေတဲ့ မီလန်ဒါဘီမှာ ဂိုးသွင်းမယ့် ဘယ်လ်ဂျီယံသားအဖြစ် ခံယူပြခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က