၁၉၉၄-၉၅ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မနှစ်က ချန်ပီယံဖြစ်စဉ် ၃ ပွဲသာ အရေးနိမ့်ထားပေမယ့် ဒီနှစ်မှာတော့ အဖွင့် ၅ ပွဲမှာတင် ၂ ပွဲထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

တန်းတက် ဂရန်နာဒါကို အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာကတော့ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရာသီ အစနဲ့ ကြုံနေရတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ဘာစီလိုနာအနေနဲ့ အဝေးကွင်းမှာ ဂရန်နာဒါအသင်းကို အသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီ၊အားထားရတဲ့ လူငယ်ကစားသမား ဖာတီတို့ကို ထည့်သွင်းပြီး ရင်ဆိုင်ခဲ့ပေမယ့်လည်း ၂-၀ နဲ့ အရေးနိမ့်ခဲ့ရတာပါ။

ဒီရှုံးပွဲကြောင့် ဘာစီလိုနာအသင်းက ရမှတ် ၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေရသလို တန်းတက် ဂရန်နာဒါက အသင်းကလည်း အံ့အားသင့်ဖွယ် ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁ မှာ ဦးဆောင်နေပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ဆဲလ်တာဗီဂိုအသင်းနဲ့ အရင်ဆုံး ကစားခဲ့ရပေမယ့် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ သရေသာ ရခဲ့တာကြောင့် ထိပ်ဆုံးမှာ ဦးဆောင်ခွင့်ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကစားသမားစာရင်းကို ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ လူစာရင်းရဲ့ ၄ ဦးသာ ပြောင်းလဲမှု ပြုလုပ်ပြီး ရင်ဆိုင်ခဲ့ပေမယ့်လည်း နည်းပြ ဗယ်လ်ဗာဒီရဲ့ ဘာစီလိနာအသင်းက အတွဲအဖက်မမိပဲ ဖြစ်နေခဲ့တာပါ။



လွန်ခဲ့တဲ့ ၁၉၉၄-၉၅ ဘောလုံးရာသီတုန်းက နည်းပြ ဂျိုဟန်ခရိုက်တာဝန်ယူစဉ်ကာလ နောက်ပိုင်း ပထမဆုံး အကြိမ် အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီတုန်းက အဖွင့်ပွဲ အဝေးကွင်း ၃ ပွဲစလုံးမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး ဒီအကြိမ်မှာတော့ နောက်ဆုံး ကစားထား တဲ့ လိဂ် အဝေးကွင်းပွဲ ၇ ပွဲဆက်မျာ ၆ ပွဲမြောက် ဂိုးပေါက်ပျောက်ဆုံးနေပါပြီ။

နောက်ဆုံး ၅ နှစ်မှာ ၄ ကြိမ် လိဂ်ချန်ပီယံဖြစ်ထားတဲ့ဘာစီလိုနာအတွက်တော့ ဒီနှစ်မှာ ကစားထားတဲ့ ၅ ပွဲမှာ ၂ ပွဲထိ အရေးနိမ့်ထားပြီးမနှစ်က ချန်ပီယံဖြစ်စဉ်က တစ်ရာသီလုံး ၃ ပွဲသာ ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ ဗယ်လ်ဗာဒီရဲ့ ခုံလည်းလှုပ်နေပြီး ဘုတ်အဖွဲ့ ဝင်တွေအနေနဲ့ ဘယ်လို ဆုံးဖြတ်လုပ်ဆောင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က