အက်ဖ်အေရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ပေါလ်စခိုးလ်အနေနဲ့ အသင်းဟောင်းမန်ယူ၊ဗလင်စီယာ၊အင်္ဂလန်အက်ဖ်အေဖလားပွဲစဉ်တွေမှာ လောင်းကြေး ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်နဲ့မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးကို အင်္ဂလန်အက်ဖ်အေက ပေါင် ၈၀၀၀ ပေးဆောင်ဖို့ ဒဏ်ရိုက်ခဲ့တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

စခိုးလ်အနေနဲ့ ၂၀၁၅ သြဂုတ်လ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့အတွင်း လောင်းကစားပေါင်း ၁၄၀ အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလောင်းကစားတွေက အက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ကျခဲ့တဲ့အတွက် ပေါလ်စခိုးလ်ကို ဒဏ်ရိုက်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မံ မပြုမူဖို့အတွက်လည်း သတိပေးခြင်း ခံခဲ့ရ တယ်လို့ သိရပါတယ်။

“ အက်ဖ်အေရဲ့ ပြစ်ဒဏ်ကို ကြည်ဖြူစွာ လက်ခံမှာဖြစ်သလို တောင်းပန်မှုလည်း ပြုလုပ်ချင်ပါတယ်။ဒီလိုအမှား မျိုးက မဖြစ်သင့်မှန်းလည်း သိခဲ့ပြီဖြစ်သလို မှားယွင်းစွာယုံကြည်ထားမှုတွေကိုလည်း ခဝါချလိုက်ပါပြီ။ အခုချိန် ကစပြီး ဘဝကို အသစ်က ပြန်စပြီး ပြန်လည် ကောင်းမွန်စွာ နေထိုင်ပါတော့မယ်။” လို့ ပေါလ်စခိုးလ်က ပြောခဲ့ ပါတယ်။

စခိုးလ်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကမှ ၃၁ ရက်ကြာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့အိုလ်ဟမ်အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်ထားသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လိဂ်တူးက ဆဲလ်ဖို့ဒ်ယူနိုက်တက်အသင်းမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပါဝင်နိုင်ခဲ့တဲ့ အသင်းပိုင်ရှင်တစ် ဦးလည်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၄၄ နှစ်ရှိပြီ ဖြစ်တဲ့ စခိုးလ်အနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ၁၁ ကြိမ်ထိရယူခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၆၆ ပွဲပါဝင်ကစားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီး ၂၀၁၄ခုနှစ်မှာတော့ ဆဲလ်ဖို့ဒ်အသင်းရဲ့ ပိုင်ရှင်တစ်ဦးအဖြစ် ဖီးလ်နဗီးလ်၊ဂစ်၊နစ်ကီဘတ်တို့နဲ့အတူ ပိုင်ဆိုင်လာခဲ့ပါတယ်။

အက်ဖ်အေက ထုတ်ပြန်လာခဲ့တဲ့ စခိုးလ်ရဲ့ ပြစ်မှု စာရင်းမှာတော့ စခိုးလ်ဟာ အသင်းဟောင်းမန်ယူအသင်းအပေါ် ၈ ကြိမ်လောင်းကြေးပြုခဲ့သလို၊ဗလင်စီယာအသင်းရဲ့ ပွဲစဉ်အချို့နဲ့အင်္ဂလန် အက်ဖ်အေဖလား ၈ ပွဲတို့ကို လောင်းကြေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စခိုးလ်လောင်းကစားပြုလုပ်ခဲ့လို့ သက်သေပြနိုင်မယ့် သက်သေကတော့ မရှိသဖြင့် စခိုးလ်ကို ဒဏ်ငွေသာ ရိုက်ခဲ့တယ်လို့ သိရပါတယ်။

ပေါလ်စခိုးလ်အနေနဲ့ လောင်းကြေး စုစုပေါင်း ပေါင် ၂၆၁၅၉ ပြုလုပ်ခဲ့ရာမှာတော့ ပေါင် ၅၈၃၁ မြတ်ခဲ့တယ်လို့ အကျဉ်းချုံး သိရပါတယ်။



က္က