မနက်ဖြန်မှာ ပီရူးနဲ့ ဆီမီးဖိုင်နယ် ကစားရပါမယ်။

ချီလီအသင်းက ၂၀၁၅ နဲ့ ၂၀၁၆ ပြိုင်ပွဲတွေမှာ ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ထားပြီး ယခုတစ်ကြိမ်မှာပါ ချန်ပီယံဆုရယူပြီး ကိုပါအမေရိကဖလားမှာ ပထမဆုံး ၃ ကြိမ်ဆက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းရေးထိုးသွားမယ်လို့ ဗီဒယ်က ပြောခဲ့တာပါ။

ချီလီအသင်းကတော့ ၂၀၁၉ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဖြစ် ပီရူးအသင်းနဲ့ မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၇ နာရီမှာ ယှဉ်ပြိုင်ကစားရပါမယ်။ ဒီပွဲစဉ်ကို ချိလီတစ်သင်းလုံး အာရုံ စူးစိုက်ထားပြီး အကြောင်းကတော့နိုင်ငံရဲ့ သမိုင်းတလျှောက် ပထမဆုံး ၃ ကြိမ်ဆက် ချန်ပီယံဆု ဆွတ်ခူးဖို့ ရည်ရွယ်ထားတယ်လို့ ဗီဒယ်က ပြောခဲ့ကြောင်း BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။



“၃ နှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးချင်တာက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ၊ ပီရူးနဲ့ပွဲမှာ ကျွန်တော်တု့ိရဲ့ အကောင်းဆုံးပုံစံကို ပြသမယ်၊ ဗိုလ်လုပွဲမှာ သမိုင်းဝင် အောင်ပွဲရအောင် စွမ်းဆောင်သွားမယ်။” လို့ ဗီဒယ်က ပြောခဲ့ပါတယ်။

ကိုပါအမေရိကဖလားကို ယခင်က တောင်အမေရိကချန်ပီယံရှစ်လို့ အမည်ခေါ်တွင်စဉ်က အာဂျင်တီးနား အသင်း အနေနဲ့ ၁၉၄၅၊၄၆၊၄၇ ခုနှစ်တွေမှာ ၃ ကြိမ်ဆက် ချန်ပီယံ ဖြစ်ထားဖူးပါတယ်။ ကိုပါအမေရိကဖလားလို့ အမည်ပြောင်းလိုက်တဲ့ ၁၉၇၅ က စတင်ပြီး အများဆုံး ၂ ကြိမ်ဆက်သာ ချန်ပီယံဖြစ်ထားကြတာကြောင့် ချီလီအသင်းအနေနဲ့ ပထမဆုံး ကိုပါအမေရိက ၃ ကြိမ်ဆက်ချန်ပီယံ ဖြစ်ရေး ကြိုးပမ်းလာတာပါ။

ဆီမီးဖိုင်နယ်မှာ ချီလီအသင်း ရင်ဆိုင်ရမယ့် ပီရူးအသင်းကတော့ကိုပါအမေရိကဖလားကို ၁၅ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ဥရုဂွေးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူလာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ချီလီကလည်း ကိုလံဘီယာအသင်းကို ကွာတားဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုုင်ယူလာတဲ့ အသင်းဖြစ်ပြီး ချီလီနဲ့ ပီရူးတို့ကတော့ ၂၀၁၅ ဆီမီးဖိုင်နယ်မှာတုန်းကလည်း တွေ့ဆုံဖူးပါတယ်။

အဲ့တုန်းက ချီလီအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရပြီးဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားကိုပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ပထမဆုံးအကြိမ် ကိုပါအမေရိကဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြပါတယ်။

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ အိမ်ရှင် ဘရာဇီးနဲ့ နာမည်ကြီး အာဂျင်တီးနားတို့ ပွဲမှာတော့ အိမ်ရှင် ဘရာဇီးက ၂-၀ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲမှာ စောင့်နေပါပြီ။ ဒါကြောင့် ချီလီနဲ့ပီရူးပွဲမှာ အနိုင်ရတဲ့အသင်းက ဘရာဇီးနဲ့ ဗိုလ်လုရမှာ ဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ အာဂျင်တီးနားအသင်းနဲ့ တတိယနေရာလုပွဲကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က