loading...

loading...

loading...

အေဂျက်ဇ်ကို ရှုံးနိမ့်အပြီး ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အေဂျက်ဇ်ကို ရှုံးနိမ့်အပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ ဘာနာဒက်ခီရဲ့ အသင်းရဲ့ခြေစွမ်းရဲ့ ရည်ရွယ်ချက်အပေါ်မှာ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘာနာဒက်ခီက လာမယ့်နှစ်နှစ်အတွင်းမှာ ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အေဂျက်ဇ်ကို ရှုံးနိမ့်အပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ ဘာနာဒက်ခီရဲ့ အသင်းရဲ့ခြေစွမ်းရဲ့ ရည်ရွယ်ချက်အပေါ်မှာ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

အေဂျက်ဇ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲချိန် (၂၈)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒီဘက်က ချေပဂိုးနဲ့ ဒီလစ်က ဒုတိယပိုင်းမှာ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် (၃-၂) နဲ့ ဂျူဗင်တပ်စ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီး ချန်ပီယံလိဂ်ဖလားရယူဖို့ အိပ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။

"အယ်လီဂရီက အသင်းမှာ ဆက်ရှိမယ်လို့ ပြောသွားတာက တကယ်ကို အရေးကြီးတဲ့ အချက်ပါ၊ အသင်းဥက္ကဌက ချန်ပီယံလိဂ်ဖလားကို ရယူဖို့အတွက် စီမံကိန်းရေးဆွဲမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကလိုပေါ့၊ တူရင်ကို ချန်ပီယံလိဂ်ဖလားကြီး ရောက်ရှိလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

"လာမယ့်နှစ်မဟုတ်ရင်တောင်မှ နောက်ထပ်တစ်နှစ်မှာ ချန်ပီယံလိဂ်ဖလားကို သေချာပေါက်ရရှိမှာပါ" လို့ ဘာနာဒက်ခီက Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ရည်ရွယ်ချက်နဲ့ ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုကို ယူရိုသန်း (၁၀၀) ပေးချေကာ ခေါ်ယူခဲ့ပြီး အသင်းကို အင်အားဖြည့်တင်းခဲ့ပါတယ်။

ရော်နယ်ဒိုက ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်သွင်းဂိုး (၆)ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့်လည်း ဂျူဗီအနေနဲ့ အေဂျက်ဇ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်လည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို (၉)ကြိမ်ဆက်တိုက် ကစားခွင့်ရမယ့် မှတ်တမ်းနဲ့ လွဲချော်ခဲ့ပြီး စိတ်ပျက်ဖွယ်ရလဒ် ဖြစ်လာခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ


loading...

က္က