အားကစားလောကမှတော့ တတိယမြောက်ဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

ဒါဟာ အားကစားသမိုင်းမှာလည်း တိုက်ဂါးဝုဒ်၊ မေဝယ်သာတို့ပြီးနောက် ရော်နယ်ဒိုက တတိယမြောက်အားကစားသမားအဖြစ် အဆိုပါပမာဏကို ရရှိခဲ့သူဖြစ်လာခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ဝင်ငွေဒေါ်လာတစ်ဘီလျံအထိရရှိခဲ့တဲ့ ပထမဆုံးဘောလုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေဒေါ်လာ ၁၀၅ သန်းအထိ ရော်နယ်ဒိုရရှိခဲ့ပြီးနောက် သူ့ရဲ့ကစားသမားဘဝ စုစုပေါင်းဝင်ငွေဟာ တစ်ဘီလျံကျော်သွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ အားကစားသမိုင်းမှာလည်း တိုက်ဂါးဝုဒ်၊ မေဝယ်သာတို့ပြီးနောက် ရော်နယ်ဒိုက တတိယမြောက်အားကစားသမားအဖြစ် အဆိုပါပမာဏကို ရရှိခဲ့သူဖြစ်လာခဲ့ပါတယ်။ တိုက်ဂါးဝုဒ်ကတော့ ပထမဆုံးအားကစားသမားသမားအဖြစ် ၂၀၀၉ မှာ မှတ်တမ်းဝင်ခဲ့ကာ မေဝယ်သာက ၂၀၁၇ မှာ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ 

ဘောလုံးလောကမှာတော့ ရော်နယ်ဒိုက ပထမဆုံးဖြစ်ပြီး ကစားသမားဘဝ ၁၇ နှစ်တာကာလအတွင်းမှာ အခုလိုရရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၂၂ ခုနှစ်အထိ ကစားဖို့ စာချုပ်ချုပ်ဆိုထားတာကြောင့်လည်း နောက်ထပ်ဝင်ငွေပမာဏတိုးပွားလာဦးမှာဖြစ်ကာ ဘယ်လောက်ထိရရှိမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

"ရော်နယ်ဒိုက ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ၊ လူကြိုက်အများဆုံးအားကစားနည်းရဲ့ အကောင်းဆုံးကစားသမားပါပဲ" လို့ Sporting Intelligence က နစ်ဟားရစ်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဘောလုံးသမားလည်းဖြစ်တယ်လို့ Forbes က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းမှာ တစ်နှစ်လုပ်ခပေါင်သန်း ၃၀ အထိ ရော်နယ်ဒိုက ရရှိနေတယ်လို့ သိရပြီးတော့ အခြားသောဝင်ငွေစုစုပေါင်းက အဆိုပါလစာငွေရဲ့ နှစ်ဆကျော်အထိ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ နာမည်ကျော်အားကစားကုမ္ပဏီတွေနဲ့ လက်တွဲထားမှု၊ ပုံရိပ်အသုံးပြုခအစရှိတဲ့ စာချုပ်တွေကနေ များပြားလှတဲ့ ငွေကြေးတွေကို ရရှိနေတာလည်းဖြစ်ပါတယ်။ 


Author


က္က