မက်ဆီဟာ ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေစုစုပေါင်း ပေါင်၉၈သန်းအထိရရှိခဲ့ပြီး လစာငွေပေါင် ၇၂သန်းနဲ့ စပွန်ဆာစာချုပ်တွေကနေ ပေါင် ၂၆ သန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ဘောလုံးလောကအတွင်း စုစုပေါင်းဝင်ငွေတစ်ဘီလျံအထိရရှိတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးဘောလုံးကစားသမားအဖြစ် ရော်နယ်ဒိုက ရပ်တည်နိုင်ခဲ့ပြီးနောက် မက်ဆီက အဆိုပါမှတ်တမ်းကို လိုက်မီခဲ့တာဖြစ်ပြီး Forbes ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်အတွက် ဝင်ငွေရရှိပြီးနောက် ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၂၀ ခုနှစ်အတွင်း ဝင်ငွေစုစုပေါင်း ပေါင်၉၈သန်းအထိရရှိခဲ့ပြီး လစာငွေပေါင် ၇၂သန်းနဲ့ စပွန်ဆာစာချုပ်တွေကနေ ပေါင် ၂၆ သန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာမှာဆက်လက်ကစားဖို့ အတည်ပြုထားခဲ့တဲ့ မက်ဆီဟာ တစ်နှစ်တာဝင်ငွေအများဆုံးကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ဒုတိယနေရာမှာသာ ရှိနေခဲ့ပါတယ်။
တတိယနေရာမှာတော့ နေမာက ပေါင် ၇၅ သန်းနဲ့ ရှိနေခဲ့ပြီး လက်ရှိမှာတော့ သူဟာ ကာလရှည်လက်တွဲခဲ့တဲ့ Nike နဲ့ လမ်းခွဲခဲ့ပြီး Puma နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်သူဖြစ်ပါတယ်။ သူတို့ ၃ဦးရဲ့နောက်မှာတော့ ဘတ်ပီက ပေါင် ၃၃သန်း၊ ဆာလာက ပေါင် ၂၉သန်း၊ ပေါ့ဂ်ဘာက ပေါင် ၂၆သန်း၊ ဂရစ်မန်းက ပေါင် ၂၆ သန်း၊ ဂါရတ်ဘေးလ်က ပေါင် ၂၃သန်း၊ လီဝန်ဒေါစကိးက ပေါင် ၁၉သန်း၊ ဒီဂီယာက ပေါင် ၁၇.၅သန်းနဲ့ ထိပ်ဆုံး ၁ဝဦးစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။