ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းက နုတ်ထွက်ခဲ့ရပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဆန်ချိုဟာ အန်ဒိုရာ၊ ပိုလန်တို့နဲ့ပွဲတွေကို ပါဝင်မှာမဟုတ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


ယူနိုက်တက်တောင်ပံကစားသမားဆန်ချိုဟာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဆန်ချိုဟာ အန်ဒိုရာ၊ ပိုလန်တို့နဲ့ပွဲတွေကို ပါဝင်မှာမဟုတ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဝုလ်ဗ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ဆန်ချိုဟာ လက်ရွေးစင်အသင်းမှာလည်း ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဟန်ဂေရီနဲ့ပွဲကို ဆန်ချိုပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ အဆိုပါပွဲမှာတော့ ၄-၀ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့ပါတယ်။ အသေးစားဒဏ်ရာရရှိတာကြောင့်လည်း စက်တင်ဘာလ ၁၁ ရက်နေ့မှာကစားရမယ့် နယူးကာဆယ်နဲ့ပွဲအမီ ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။


ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဆန်ချိုဟာ အသင်းသစ်မှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။ အသင်းပရိသတ်တွေရဲ့ မျှော်လင့်မှုအများအပြားကို ရရှိထားသလို နည်းပြဆိုးလ်ရှားရဲ့ အဓိကကစားသမားဖြစ်လာမယ်လို့လည်း ယူဆခံထားရတာကြောင့် သူ့အတွက်တော့ ဖိအားတွေက ရှိနေခဲ့ပြီး ခြေစွမ်းပြဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ရော်နယ်ဒိုကိုလည်း ခေါ်ယူထားပြီးဖြစ်ကာ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားအတွက်တော့ ရော်နယ်ဒိုကြောင့် ကျေနပ်နေရမှုဟာ ဆန်ချိုရဲ့ သတင်းကြောင့် စိတ်သောကဖြစ်စရာရှိလာခဲ့ပါတယ်။ အင်္ဂလန်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုတွင်းမှာ ၄ ပွဲကစားပြီး ၄ ပွဲစလုံးအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ 



က္က