ယူရိုချန်ပီယံအသင်းလည်းဖြစ်ပါတယ်။

လစ်သူယေးနီးယားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အီတလီဟာ သူတို့ရဲ့ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့သလို မှတ်တမ်းကောင်းနောက်တစ်ခုလည်း ထပ်မံရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အီတလီက မိနစ် ၃၀ အတွင်းမှာပဲ ၄ ဂိုးအထိ ရရှိခဲ့ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် သွင်းယူနိုင်မှုလည်းဖြစ်လာခဲ့ပါတယ်။ 

မန်စီနီရဲ့ အသင်းဟာ ယူရိုပြိုင်ပွဲမှာလည်း ရှုံးပွဲမရှိစံချိ်န်နဲ့ ဗိုလ်စွဲခဲ့ပြိး ခြေစစ်ပွဲအဆင့်မှာလည်း ရှုံးနိမ့်ခြင်းမရှိသေးတာဖြစ်ပါတယ်။ အီတလီအတွက် မွိုက်က်ီးန်က ခြေစွမ်းပြခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့ကာ ရာစ်ပါဒိုရီ၊ ဒီလော်ရန်ဇိုတို့က တစ်ဂိုးစီနဲ့ လစ်သူယေးနီးယားက ကိုယ့်ဂိုးကိုယ်တစ်ဂိုးသွင်းယူခဲ့ပြီး အီတလီက ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲမအောင်မြင်ခဲ့လို့ မပါဝင်ခဲ့ရတဲ့နောက် အီတလီဟာ နာမည်ကြီးနည်းပြမန်စီနီကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ အီတလီက အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ၂၀၁၈ စက်တင်ဘာလကစပြီး ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး အခုအခါမှာဆိုရင် ၃ နှစ်အထိ ရှိလာခဲ့ကာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အရှည်ကြာဆုံးရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ယူရိုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး စုစုပေါင်း ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအတွက် အုပ်စုတွင်းမှာလည်း ထိပ်ဆုံးနေရာကနေ ရပ်တည်နေပြီး အခြေအနေကောင်းနေတာဖြစ်ပါတယ်။ မန်စီနီအတွက်တော့ လက်ရွေးစင်နည်းပြဘဝမှာ အကြီးအကျယ်အောင်မြင်မှုတွေရရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 



က္က