ဒူးအရွတ်ဒဏ်ရာကို အရေးပေါ် ခွဲစိတ်ကုသရမှာပါ။
Kyaw Ko Ko Sint

အီတလီလူစာရင်းကနေလည်း ပြန်လည်နှုတ်ထွက်ရတော့မှာဖြစ်ပြီး ဒဏ်ရာက ပြန်လည်သက်သာလာနိုင်မယ့် အချိန်ကိုတော့ အသင်းက မထုတ်ပြန်နိုင်သေးပါဘူး။

ဂျူဗင်တပ်အသင်းရဲ့ အသင်းခေါင်းဆောင် ချီလီနီကတော့ လေ့ကျင့်ခန်းဆင်းရင်း ကြောက်မက်ဖွယ် အရွတ် ဆုတ်ပြဲ ဒဏ်ရာကို ရရှိခဲ့တာကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရတော့မယ်လို့ BBC SPORT သတင်းဌာန က ဖော်ပြလာပါတယ်။



အသက် ၃၅ နှစ်အရွယ် ချီလီနီကတော့ ဂျူဗင်တပ်အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားပေးထားသူ ဖြစ်ပြီး ဒီတစ်ခေါက် ဒဏ်ရာက ပြန်လည်သက်သာလာနိုင်မယ့်အချိန်ကိုတော့ အသင်းက ထုတ်ပြန်ပေးနိုုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။



ချီလီနီအနေနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားဖို့ရှိတဲ့ အီတလီ လက်ရွေးစင်အသင်းရဲ့လူစာရင်းမှာလည်း ရွေးချယ် ခံထားရပေမယ့် ယခုလို ဒဏ်ရာရရှိခဲ့လို့ လူစာရင်းကနေ ပြန်လည်နှုတ်ထွက်ရတော့မှာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ ချီလီနီအနေနဲ့ ညာဖက် ဒူးအရွတ် စုတ်ပြဲခဲ့တာ ဖြစ်ပြီး လာမယ့်ရက်အတွင်း ခွဲစိတ်ကုသမှု ခံယူရမယ်လို့ ပါရှိပါတယ်။

ဂျူဗင်တပ်အသင်းကတော့ဒီနှစ်မှာ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အေဂျက်နောက်ခံလူ ဒီလိုက်ကို ခေါ်ယူထားသလို အနားယူသွားတဲ့ ဘာဇာဂလီနေရာအတွက်လည်း ဆာဆူအိုလိုက ဒါမီရယ်ကို ခေါ်ယူထားပါ သေးတယ်။

ဒီတစ်ပတ်မှာတော့ စီးရီးအေ အင်အားကြီး ပြိုင်ဖက် နာပိုလီအသင်းကို အိမ်ကွင်းဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က