လူစားဝင်ပြီး ၆ မိနစ်အကြာမှာပဲ သွင်းယူခဲ့တာပါ။

ကာမာဗင်ဂါက အားကိုးရမယ့်ခြေစွမ်းကို စောစောစီးစီးပဲ ပြသနိုင်ခဲ့ကာ ရီးရဲလ်အတွက်တော့ နောက်ထပ်ပြင်သစ်ကြယ်ပွင့်တစ်ဦး ဘာနေဗျူးမှာ ထွန်းတောက်လာမှာကို ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။ 


ပြင်သစ်ကြယ်ပွင့်ကာမာဗင်ဂါဟာ အသင်းသစ်ရီးရဲလ်မက်ဒရစ်အတွက် ဝင်ရောက်ကစားပေးပြီး ၆ မိနစ်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ဘန်ဇီမာက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ လူစားဝင်ကစားပေးခဲ့တဲ့ ကာမာဗင်ဂါကတော့ ၆ မိနစ်ကြာမှာပဲ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ၇၂ မိနစ်မှာ ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ရန်းနက်စ်ကနေ ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့လာတဲ့ ကာမာဗင်ဂါက အားကိုးရမယ့်ခြေစွမ်းကို စောစောစီးစီးပဲ ပြသနိုင်ခဲ့ကာ ရီးရဲလ်အတွက်တော့ နောက်ထပ်ပြင်သစ်ကြယ်ပွင့်တစ်ဦး ဘာနေဗျူးမှာ ထွန်းတောက်လာမှာကို ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။ 


ဟာဇက်နေရာကို ကာမာဗင်ဂါဝင်ရာက်လာခဲ့တာဖြစ်ပြီး လူကာမိုဒရစ်ရဲ့ ကန်သွင်းချက်လျှံထွက်လာတာကို သူက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာလည်း ရွေးချယ်ခံထားရတဲ့ အသက် ၁၈ နှစ်သားဟာ ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ကွင်းလယ်နေရာမှာတော့ နာမည်အကျော်ကြာဆုံးလူငယ်ကစားသမားလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ရန်းနက်စ်အတွက် ခြေစွမ်းပြခဲ့သလို ပြင်သစ်နည်းပြဒက်ချမ့်စ်ကလည်း လက်ရွေးစင်အသင်းကြီးအတွက် ယုံယုံကြည်ကြည်နဲ့ ခေခါ်ယူခဲ့ပါတယ်။ ၁၉၃၂ နောက်ပိုင်း လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီး ၃ ပွဲအထိ ကစားပေးထားပြီးဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ရီးရဲလ်က လက်ဦးမှုရယူသွားခဲ့တာဖြစ်ပါတယ်။



က္က