loading...

loading...

loading...

Laureus ကပေးအပ်တာပါ။
Kyaw Ko Ko Sint

အခြားအားကစားနယ်ပယ်က ကစားသမားတွေသာ ရရှိနေကာ စတင်ပေးအပ်ချိန်ကတည်းက ဘောလုံးကစားသမားတစ်ဦးမှ မရဖူးသေးပဲ မက်ဆီက ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာပါ။

Image result for Laureus

Laureus World Sportsman of the Yearဆုကို ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီက ပြိုင်ကားချန်ပီယံ ဟာလ်မီတန်နဲ့ပူးတွဲရရှိခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ရရှိတဲ့ တစ်ဦးချင်းအောင်မြင်မှုတွေကို အဓိကထားပြီး ၂၀၀၀ ခုနှစ်က စတင်ပေးအပ် နေတဲ့ ဒီဆုကို ဘောလုံးအားကစားနယ်ပယ်က တစ်ဦးမှ မရရှိဖူး‌သေးပဲ မက်ဆီသာ ပထမဆုံး ရရှိခဲ့တာပါ။

ဒါ့အပြင် ဆုရဲ့ သမိုင်းတစ်လျှောက်အခုလို ပူးတွဲရရှိတာကလည်း ပထမဆုံးအကြိမ်ဖြစ်ပြီး တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာက ၅ ကြိမ်နဲ့ အကြိမ်အများဆုံး ဆွတ်ခူးထားနိုင်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီအနေနဲ့ မနှစ်ကဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းနဲ့အတူ ၂၆ ကြိမ်မြောက် လာလီဂါဆုဖလား ကိုင်မြှောက်နိုင်ခဲ့သလို၊၃၄ ပွဲမှာ ၃၆ ဂိုးထိသွင်းယူပြီး ဘလွန်းဒီအောဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူပါ။

LewisHamilton - cropped

ပူးတွဲအကောင်းဆုံးဆု ရရှိခဲ့တဲ့ လူးဝစ္စဟာလ်မီတန်ကလည်း ၂၀၁၉ ခုနှစ်အတွင်း ဖော်မြူလာဝမ်း ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပြီး မိုက်ကယ်ရှူးမေကာပြီးရင် ဒုတိယမြောက် အအောင်မြင်ဆုံး ကစားသမားဖြစ်လာခဲ့ ပါတယ်။

“ ဒီဆုကိုပေးအပ်တဲ့ အကယ်ဒီမီကို ကျေးဇူးတင်ပါတယ်၊တကယ်တမ်းပြောရရင် ဒီဆုက ကျွန်တော့်အတွက် အရေးကြီးတဲ့ ဆုတစ်ခုပါ၊အခုလို တစ်ဦးချင်း ထူးချွန်သူတွေကို ပေးအပ်တဲ့ဆုမှာ တစ်ဦးချင်း အားကစား ပြိုင်ပွဲမဟုတ်တဲ့ ဘောလုံးအားကစားကနေ ပထမဆုံးရတဲ့အတွက်လည်း အင်မတန်ဂုဏ်ယူပါတယ်။”လို့ မက်ဆီက ပြောခဲ့ပါတယ်။

မဲစနစ်နဲ့ ရွေးချယ်တဲ့ ဒီဆုမှာ မက်ဆီနဲ့ ဟာလ်မီတန်တို့က ပြိုင်ဖက်တွေဖြစ်တဲ့ ရာဖေးလ်နာဒယ်၊မက်ခ်မားကွက်ဇ်၊ တိုက်ဂါးဝုဒ်နဲ့ကစ်ခ်ချိုကီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

Image result for Laureus ‌and messi

အမျိုးသမီးဆုကို အမေရိကန်ကျွမ်းဘားအားကစားမယ် ဆီမွန်နီဘီလီကရရှိခဲ့ပြီး အသင်းလိုက်ဆုကိုတော့ တောင်အမေရိက ရက်ဂ်ဘီဘောလုံးအသင်းက ရရှိခဲ့ပါတယ်။

စက်ဘီးအားကစားသမား အီဂန်ဘာနယ်ကတော့ အအောင်မြင်ဆုံးဆုကိုရရှိခဲ့ပြီး ပြိုင်ကားမောင်းသူဆိုဖီယာက COMEBACKဆုကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နှစ်တာအကောင်းဆုံးမသန်စွမ်းအားကစားသမားဆုကိုတော့ ယူကရိန်း-အမေရိကန်နွယ်ဖွား ကနူးလေကစားသမား အိုခ်ဆာနာမာစတာကရရှိခဲ့ကြတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က