ဖယ်လိုင်နီက တရုတ်စူပါလိဂ်မှာကစား‌နေတာပါ။
Kyaw Ko Ko Sint

ဖယ်လိုင်နီက တရုတ်စူပါလိဂ်ကစားသမားထဲမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဖြစ်လာခဲ့ပါတယ်။

တရုတ်စူပါလိဂ်မှာ ကစားနေတဲ့ ယူနိုက်တက် ကစားသမားဟောင်း ဖယ်လိုင်နီလည်း ကိုရိုနာဗိုင်းရပ်စက် ကူးစက်ခံနေရပြီလို့ Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။

ဖယ်လိုင်နီက လက်ရှိ တရုတ်စူပါလိဂ်ကလပ် Shandong Luneng အသင်းမှာကစားနေတာ ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့က ဂျီနန်မြို့ကို ရထားနဲ့ ရောက်ရှိလာစဥ် စစ်ဆေးခံခဲ့ရာမှ သိရတာလို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ဖယ်လိုင်နီက တရုတ်စူပါလိဂ်ကစားသမားအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမားလို့လည်း သိရပါတယ်။

လက်ရှိမှာတော့တရုတ်နိုင်ငံမှာ ရောဂါပိုးကူးစက်သူ သိသိသာသာ လျော့နည်းလာပြီလို့လည်း သိရပြီး ကမ္ဘာမှာ တော့ ဆက်လက်ပျံ့နှံ့နေပါတယ်။

မနေ့က စနေနေ့မှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်း လိုရန်ဇိုဆန့်ဇ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကြောင့် သေဆုံးသွားခဲ့ပြီလို့ ရီးရဲအသင်းက တရားဝင်ကြေညာခဲ့ပါသေးတယ်။

၁၉၉၄ကနေ၂၀၀၀ခုနှစ်အထိ ရီးရဲအသင်းကို ဥက္ကဌ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဆန့်ဇ်ကတော့ ကွယ်လွန်ချိန်မှာ အသက် ၇၆နှစ်ရှိပါပြီ။

ဆန့်ဇ်လက်ထက်မှာ ရီးရဲအသင်းကို ရော်ဘတ်တိုကားလို့စ်၊ဆီးဒေါ့ဖ်၊ဒေဗာဆူကာစတဲ့ နာမည်ကြီး ကစားသမား တွေခေါ်ယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရ ကိုရိုနာ ကူးစက်ခံရတဲ့သတင်းတွေမှာတော့ ဂျူဗင်တပ် ကစားသမားဒိုင်ဘာလာနဲ့သူ့ချစ်သူတို့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီလို့ သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က