ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့တွေကို ဆက်ကစားမှာပါ။
Kyaw Ko Ko Sint

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ပြီ ဖြစ်ရာ ဒီကနေ့ညမှာလည်း ကမ္ဘာတစ် လွှားစိတ်ဝင်စားမှု အမြင့်မားဆုံးရှိတဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ပြန်လည်စတင်ကျင်းပပြီ ဖြစ်ပါတယ်။

ဒီညမှာတော့ လိုင်ယွန်နဲ့ဂျူဗင်တပ်၊မန်စီးတီးနဲ့ရီးရဲမက်ဒရစ်အသင်းတို့ ကစားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ ဘိုင်ယန်နဲ့ ချဲလ်ဆီး၊ဘာစီလိုနာနဲ့နာပိုလီအသင်းတို့ ၁၆သင်းအဆင့်ရဲ့ ကျန်နေသေးတဲ့ ဒုတိယအကျော့ပွဲတွေကို ကစားကြမှာပါ။

ရှေ့မှာတော့ လိုက်ပ်ဇက်ကစပါးအသင်းကို ဖြုတ်ချခဲ့သလို အက်သလက်တီကိုကလည်း လက်ရှိချန်ပီယံလီဗာပူးကို အံ့အားသင့်ဖွယ် ကျော်ြဖတ်ထားပြပါတယ်။အလားတူ အတ္တလန္တာကလည်း ဗလင်စီယာကို ကျော်ဖြတ်ခဲ့ပြီး ပီအက်စ် ဂျီက ဒေါ့မွန်ကို အနိုင်ယူထားပါတယ်။

လက်ရှိအချိန်မှာ အင်္ဂလိပ် ၂သင်းသာ ကျန်နေသေးပြီး ၁၆သင်းအဆင့်မှာ မန်စီးတီးနဲ့ချဲလ်ဆီးရှိနေပါတယ်။ နှစ်သင်း အနက် ကွာတားဖိုင်နယ်ကို ဘယ်နှစ်သင်းတက်လှမ်းနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လောလောဆယ်တော့ ဒီညကစားမယ့် ၂ပွဲကို အရင်ဆုံး လေ့လာကြည့်ကြရအောင်။

ဂျူဗင်တပ် - လိုင်ယွန်

----------------------

ပထမအကျော့တုန်းက လူးကပ်တိုဆတ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ လိုင်ယွန်တို့ ပြင်သစ်မြေမှာ အသာရထားပေမယ့် ဒီတစ်ခေါက် အီတလီမြေမှာတော့ လွယ်မယ်မထင်ပါဘူး။တစ်ခုရှိတာက စစ်တမ်းတွေအရ အိမ်ကွင်းပထမအကျော့ မှာ ၁-၀နဲ့နိုင်ထားတဲ့အသင်းတွေထဲမှာ ၂၃သင်း နောက်တစ်ဆင့်တက်ပြီး ၁၀သင်းလောက်ကတော့ ဒုတိယအကျော့မှာ ရှုံးပြီး ထွက်ခွာသွားတဲ့ မှတ်တမ်းတော့ ရှိပါတယ်။ လိုင်ယွန်အနေနဲ့ကလည်း မနှစ်က အိမ်မက်ဆိုးရှိနေပြီး ဘာစီလိုနာ ကို ၁၆သင်းအဆင့် ပထမအကျော့ အိမ်ကွင်းမှာ ဂိုးမရှိသရေကစားပြီး အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ထားခဲ့တာက လည်း အဝေးကွင်းအားနည်းတာ ပေါ်လွင်စေပါတယ်။ ဂျူဗင်တပ်ကလည်း ချန်ပီယံလိဂ်ကို အားခဲနေတာကြာပြီ ဖြစ် ပြီး ဒီနေ့ထိ မပီပြင်သေးပေမယ့် ၁၆သင်းအဆင့်က ထွက်ဖို့တော့ စောလွန်းနေပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီ နောက်ပိုင်း အနိမ့်ဆုံး ကွာတားတက်လှမ်းထားနိုင်ပြီး ဗိုလ်လုပွဲတစ်ကြိမ် တက်လှမ်းထားပါတယ်။တစ်ခုရှိတာက ဂျူဗင်တပ်အသင်းမှာအားထားရတဲ့ ခီဒီယာ၊ဒေါက်ကလပ်စ်ကော်စတာ၊ဒိုင်ဘာလာစတဲ့ ကစားသမားတွေ ဒဏ်ရာ ကြောင့် ပါဝင်နိုင်မှာ မဟုတ်တဲ့အခြေအနေက လိုင်ယွန်အတွက် သတင်းကောင်းတစ်ခုအဖြစ်ရှိနေမှာပါ။

မန်စီးတီး - ရီးရဲမက်ဒရစ်

-------------------

ပထမအကျော့တုန်းက ဂါဘရီရယ်ဂျီးဆပ်စ်၊ကီဗင်ဒီဘရိုင်းတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ ရီးရဲကို ၁-၂နဲ့ နိုင်ထားသလို ရီးရဲအသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ် အနီကဒ်ပြစ်ဒဏ်ကြောင့် ယခု ဒု-ကျော့ကို လွဲချော်မှာက မန်စီးတီး အတွက် အားသာချက် ဖြစ်စေမှာပါ။အဝေးကွင်း ၁-၂နဲ့ နိုင်ထားတဲ့အသင်းက နောက်တစ်ဆင့်ကို ၈သင်း တက်ရောက် နိုင်ပြီး တစ်သင်းသာ တစ်ကြိမ် အရေးနိမ့်ထားတဲ့ မှတ်တမ်းတွေလည်း ရှိတော့ မန်စီးတီးအတွက် အားတက်ဖွယ်ပါ။ မန်စီးတီးကို ခြောက်လှန့်နေမှာက ရီးရဲအသင်း မဟုတ်ပဲ နည်းပြဇီဒန်းဖြစ်ပြီး အကြောင်းကတော့ ဇီဒန်းဟာ နည်းပြ အဖြစ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေကနေ မထွက်ဖူးပဲ ၃ကြိမ်ဆက် ချန်ပီယံ ဖြစ်ထားတာပါ။ မန်စီးတီးနဲ့ ရီးရဲကြား နောက်ထပ် ကွာခြားနေတာတစ်ခုကလည်း ရီးရဲက ဒီရာသီ အမှတ်ပေးချန်ပီယံဖြစ်ထားပေမယ့် မန်စီးတီးကတော့ ကာရာဘောင်ဖလားတစ်လုံးသာ ရရှိထားပြီး လက်ရှိ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်သလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ထားရတာပါ။ ဒါကြောင့် ယခု ချန်ပီယံလိဂ်ဆုဖလားက မန်စီးတီးအတွက် ဒီရာသီ အဓိက ဆုဖလားမျှော်လင့်ချက် ဖြစ်နေပါတယ်။ဒီနေ့ပွဲမှာတော့ ရီးရဲက ရာမို့စ် အနီကဒ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ချိန် မန်စီးတီးမှာလည်း အဓိက တိုက်စစ်မှူးအဂူရို ဒဏ်ရာကြောင့် မပါဝင်နိုင်တာက နစ်နာစရာပါ။ဒါ့အပြင် ဂိုးသမား ဘရာဗိုနဲ့ နောက်ခံလူ မန်ဒီတို့လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီနေ့နဲ့မနက်ဖြန်မှာ ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ ပွဲစဥ်တွေကိုတော့ အိမ်ကွင်း အလှည့်ကျ အသင်းတွေရဲ့ ကွင်းတွေမှာကစားစေမှာ ဖြစ်ပေမယ့် ကွာတားဖိုင်နယ်ပွဲစဥ်တွေကနေစတင်ပြီးတော့ ကြားကွင်းအဖြစ် ပေါ်တူဂီနိုင်ငံမှာသာ အားလုံးတစ်ကျော့တည်း ယှဥ်ပြိုင်ကစားစေမယ်လို့ သိရပါတယ်။


Author


က္က