ဇွန်လမှာ ယူရို စတင်မှာပါ။

နှစ်ဦးစလုံးက ဇန်နဝါရီကတည်းက ဒဏ်ရာကိုယ်စီကြောင့် ဘောလုံး မကစားနိုင်ပဲ ရှိနေတာပါ။

အင်္ဂလန်အသင်းနည်းပြချုပ် ဂရိတ်ဆောက်ဂိတ်ကတော့ သူ့ရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာရီကီန်းနဲ့ရက် ဖို့ဒ်တို့ ၂ဦးကို ယူရို ၂၀၂၀ အမီ ပြန်ကောင်းလာမယ်လို့ ယုံကြည်နေတဲ့အကြောင်း BBC SPORTက ဖော်ပြလာပါ တယ်။



ကိန်းကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ဇန်နဝါရီ ၁ရက်နေ့ကတည်းက အနားယူနေရတာ ဖြစ်ပြီး ယူနိူက် တက် တိုက်စစ်မှူးက နောက်ကျောဒဏ်ရာကြောင့် အနားယူနေရတာပါ။

“ အားလုံး ပြည့်စုံ ကောင်းမွန်စွာနဲ့ သူတို့ ပြန်ကောင်းလာမယ်လို့ ယုံကြည်ထားပါတယ်။”လို့ ဆောက်ဂိတ်က ကနဦး ပြောခဲ့ပါတယ်။

ဒီလိုမျိုး အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာရနေချိန်မှာ ၂၀၁၈ ခုနှစ်က နိုင်ငံလက်ရွေးစင်အဖြစ်ကနေ အနားယူသွား တဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီကိုပြန်ခေါ်ဖို့ ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဆောက်ဂိတ်က ငြင်းဆိုခဲ့ပါ တယ်။

ဆောက်ဂိတ်ငြင်းခဲ့တာကတော့ ဘယ်သူ့ကိုမှ လက်ရွေးစင်အတွက် တံခါးမပိတ်ထားပဲ သူတို့ဘာသာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ကြတယ်လို့ ဆိုလိုက်တာပါ။

လက်ရှိမှာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း ဇန်နဝါရီ ၁၅ကတည်းက မကစားနိုင်တော့တာ ဖြစ်ပြီး ၁၄ဂိုးသွင်းထားသလို ကိန်းကလည်း ၁၁ ဂိုးထိ ကလပ်အသင်းကိုယ်စီအတွက် ဒီရာသီမှာ သွင်းပေးထားကြတာပါ။

၂၀၂၀ ယူရိုပြိုင်ပွဲကဇွန် ၁၄မှာ စတင်မှာ ဖြစ်ပြီး အင်္ဂလန်က သူပါဝင်တဲ့ အုပ်စုကို အိမ်ရှင်အဖြစ် ကစားမှာဖြစ်ကာ ခရိုအေးရှားနဲ့ စတင်ပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က