နော်ဝေကိုအနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

၇ ပွဲကစားခဲ့ရာမှာ ၇ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး အုပ်စုဒုတိယနေရာကဖင်လန်ကို ၉မှတ်အထိ အီတလီက ဖြတ်တောက်ခဲ့ကာ ယူရို၂၀၂၀ ပြိုင်ပွဲအတွက်အသင့်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။


ယူရို၂၀၂၀ ခြေစစ်ပွဲအဖြစ် ဂရိနဲ့ ကစားခဲ့ရတဲ့ အိမ်ကွင်းပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီးနောက်မှာ အီတလီအသင်းဟာ ခြေစစ်ပွဲအောင်မြင်ဖို့အတွက် လုံလောက်တဲ့ ရမှတ်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ၇ ပွဲကစားခဲ့ရာမှာ ၇ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး အုပ်စုဒုတိယနေရာကဖင်လန်ကို ၉မှတ်အထိ အီတလီက ဖြတ်တောက်ခဲ့ကာ ယူရို၂၀၂၀ ပြိုင်ပွဲအတွက်အသင့်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

အီတလီအတွက် အနိုင်ဂိုးတွေကို ကွင်းလယ်လူဂျော်ဂျင်ဟိုနဲ့ တိုက်စစ်အားသန်ကစားသမား ဘာနာဒက်ခီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အီတလီအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရလို့ စိတ်ပျက်ခဲ့ရမှုတွေကို ယူရို၂၀၂၀ ခြေစစ်ပွဲအောင်မြင်မှုနဲ့ ပြန်လည်ပြီး ဂုဏ်သိက္ခာဆယ်ယူနိုင်ခဲ့ကာ နည်းပြမန်စီနီအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

၇ ပွဲကစားခဲ့အပြီးမှာ အီတလီက သွင်းဂိုးပေါင်း ၂၀အထိ ရှိခဲ့ပြီး ပေးဂိုးကတော့ ၃ဂိုးသာခွင့်ပြုခဲ့ရပါတယ်။ မန်စီနီလက်ထက်မှာ အသင်းကို လူငယ်၊လူကြီးတွေနဲ့ ရောနှောအသုံးပြုနေခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံအသင်းခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက်မှာ အီတလီကလည်း အမီလိုက်နိုင်ခဲ့တာြဖ်စပါတယ်။

ယူရို၂၀၂၀ ပြိုင်ပွဲကတော့ အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ အုပ်စု (၁၀)ခုက အကောင်းဆုံးအသင်းနှစ်သင်း ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အုပ်စုတတိယရအကောင်းဆုံးအသင်းလေးသင်းနဲ့အတူ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ကစားသွားရမှာဖြစ်ပြီး ယူရိုလက်ရှိချန်ပီယံအသင်းကတော့ ပေါ်တူဂီအသင်းဖြစ်ပါတယ်။



က္က