ဒီကနေ့ညမှာ ဘူဂေးရီးယားအသင်းနဲ့ ကစားဖို့ရှိနေပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို အိမ်ရှင်သီးသန့်ထားပြီး ကျင်းပတော့မှာမဟုတ်ပဲ ဗိုလ်လိုပွဲကိုတော့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ကျင်းပသွားမှာပါ။

၂၀၂၀ ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံ ဖြစ်ခဲ့ရင် ကစားသမားဘ၀ အကောင်းဆုံး အခိုက်အတန့်ကို ပိုင်ဆိုင်နိုင်ပြီလို့ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ဘူဂေးရီးယားနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာကို ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် အင်္ဂလန်အသင်းဟာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ ဒီကနေ့ ထိဖြစ်ပါတယ်။



လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲက အိမ်ရှင် သီးသန့်နိုင်ငံမရှိတော့ပဲ အိမ်ရှင် ၁၂ နိုင်ငံက အုပ်စုပွဲတွေ လက်ခံကျင်းပ မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ပြုလုပ်ဖို့ သတ်မှတ်ထားတာပါ။

“ ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ ကျွန်တော်တို့ သမိုင်းသစ်ရေးထိုင်းနိုင်တာလောက် ပိုမို နှစ်လိုဖွယ်ကောင်းတဲ့ အခိုက်အတန့် မရှိနိုင်တော့ပါဘူး။အနိုင်ယူဖို့ ခက်ခဲမှာ မှန်ပေမယ့်လည်း ကျွန်တော်တို့ စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်သွားမှာပါ။” လို့ ရက်ရှ်ဖို့ဒ်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း - “အနိုင်ရနိုင်ခြေ အသင်းတွေထဲမှာ မိမိတို့ အင်္ဂလန်အသင်းပါဝင်သတ်မှတ်ခြင်း ခံထားရ ပေမယ့်လည်း ကျွန်တော်တို့ဟာ ဒီအနေအထားနဲ့ ထိုက်တန်မှုရှိတယ်ဆိုတာ သက်သေပြဖို့ လိုပါတယ်။အခုလို အင်္ဂလန်အသင်းသားတစ်ယောက်ဖြစ်ရတာ အရမ်းပျော်ပါတယ်။ပရိသတ်တွေက အောင်မြင် မှုကို စိတ်ရှည်သည်းခံပေးကြတယ်၊ ဒါကြောင့် ကျွန်တော်တို့ မှန်ကန်စွာ တိုးတက်လာတယ်လို့ထင်ပါတယ်။” လို့လည်း ပြောခဲ့ပါသေးတယ်။

အင်္ဂလန်အသင်းကတော့ ဒီည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ဘူဂေးရီးယားအသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က