မတ် ၁၇ ရက်နေ့မှာ အတည်ပြုသတင်းထုတ်ပြန်ဖို့ရှိနေခဲ့တာပါ။

အီတလီ၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့ လိဂ်ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းထားရတဲ့အတွက် ယူရို ၂၀၂၀ ပြိုင်ပွဲကိုရွှေ့ဆိုင်းပေးဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရွှေ့ဆိုင်းဖို့အတွက် အရေးပေါ်အစည်း အေ ဝးတစ်ရပ်ပြုလုပ်နေပြီး ပြိုင်ပွဲကိုရွှေ့ဆိုင်းဖို့ရှိမရှိကို



ဆုံးဖြတ်ချက်ခံယူခြင်းနဲ့အတူ မနက်ဖြန်မှာ အတည်ပြုသတင်းထုတ်ပြန်ဖို့ရှိနေတယ်လို့ as.comက အခိုင်အမာဖော်ပြလာပါတယ်။

ဥရောပနိုင်ငံများတွင် အဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်၊ အီတလီစီးရီးအေ၊ စပိန်လာလီဂါအပါအဝင် ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့အားကစား ပြိုင်ပွဲအားရွှေ့ဆိုင်းထားရပြီလည်းဖြစ်ပါတယ်။



အစောပိုင်းသတင်းထွက်ပေါ်မှုတွင် အီတလီဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲကိုရွှေ့ဆိုင်းပေးဖို့ ဦးဆုံးတောင်းဆိုခဲ့ပြီး စီးရီးအေပွဲစဉ်တွေရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ ရက်တိုက်သွားတဲ့အတွက် မဖြစ်မနေရွှေ့ဆိုင်း ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့မှုကို the sun က ဖော်ပြထားခဲ့ပါသေးတယ်။

စပိန်မီဒီယာအများစုရဲ့ဖော်ပြချက်မှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌဆီဖာရင်အနေနဲ့ ပြိုင်ပွဲကိုရွှေ့ဆိုင်းဖို့ ဆန္ဒအပြင်းပြ ဆုံးဖြစ်နေခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်တွေရဲ့အတည်ပြုချက်ရရှိခဲ့ပါက ပြိုင်ပွဲကို ၂၀၂၁ ဇန်နဝါရီသို့ပြောင်းရွှေ့ဖို့ဆုံးဖြ တ်ပြီဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့အတည်ပြုသတင်းတွေမှာတော့ ပြိုင်ပွဲနဲ့ပတ်သတ်တဲ့ အခြေအနေကို တာဝန်ရှိသူအားလုံး က မှတ်ချက်ပေးခြင်းမရှိသေးပေမယ့် သတ်မှတ်ရက်အတိုင်းပြိုင်ပွဲကိုဆက်လက်ကျင်းပဖို့က အခက်အခဲများစွာ ရှိနေခဲ့ပြီး အပြောင်းအလဲအချို့ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သုံးသပ်ဖော်ပြမှုများရှိနေခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ



က္က