ဒီနှစ်မှ ပဲလေ့စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူပါ။
Kyaw Ko Ko Sint

မန်ချက်စတာယူနိုက်တက်အသင်းက ဒီနှစ်မှ ပဲလေ့စ်အသင်းကနေ ခေါ်ယူထားပြီး ညာနောက်ခံလူ နေရာမှာ အသင်းနဲ့ အံဝင်ခွင်ကျ ကစားနိုင်ခဲ့ပြီးနောက် အခုလို လက်ရွေးစင်မှာ ပထမဆုံး ရွေးချယ်ခံခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူဝမ်ဘစ်ဆကာကတော့ ယူရို ၂၀၂၀ခြေစစ်ပွဲ ကစားဖို့ ရှိတဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပြီလို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါ တယ်။

ဘစ်ဆကာကတော့ ပဲလေ့စ်အသင်းကနေ ယူနိုက်တက်အသင်းထံ ဒီနှစ် နွေရာသီဈေးကွက်ကမှ ပြောင်းရွှေ့ လာခဲ့တဲ့ ယူ-၂၁ လက်ရွေးစင် ကစားသမားတစ်ဦးပါ။

“ အာရွန်ကတော့ ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားပြီး အနာဂတ်မှာ တိုးတက်လာမယ့် ကစား သမားပါ။” လို့ နည်းပြ ဆောက်ဂိတ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဝမ်ဘစ်ဆကာလို လက်ရွေးစင် ပထမဆုံး ရွေးချယ်ခံရတဲ့ နောက်တစ်ဦးကတော့ အက်စတွန်ဗီလာ ဗဟိုခံစစ်မှူး တိုင်ရွန်မင်းစ် ဖြစ်ပါတယ်။

ချဲလ်ဆီးက မေဆန်မောင့်နဲ့ လီဗာပူးက ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ချိန်ဘာလိန်တို့လည်း ဆောက် ဂိတ်ရဲ့ ၂၅ ဦးစာရင်းမှာ ပါဝင်လာပါတယ်။



ချိန်ဘာလိန်ရဲ့ နောက်ဆုံး အင်္ဂလန်ပွဲစဉ်ကတော့ ၂၀၁၈ ခုနှစ် မတ်လက ကစားခဲ့တဲ့ အီတလီအသင်းနဲ့ ခြေစမ်း ပွဲဖြစ်ပြီး အဲ့နောက်ပိုင်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားတောင် လွဲခဲ့ရသူပါ။

ဒီတစ်ခေါက် ကိုဆိုဗို၊ဘူဂေးရီးယားတို့နဲ့ ခြေစစ်ပွဲ ကစားမယ့် အင်္ဂလန် လူစာရင်းမှာတော့ စပါးက အလီ၊အဲရစ် ဒိုင်ယာ၊ဒီလပ်ဖ်နဲ့ဂျွန်စတုန်းတို့ ဒဏ်ရာပြဿနာ ကိုယ်စီကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါ့အပြင် အခြားသော အင်္ဂလိပ်လူမျိုး ကစားသမားတွေထက် လိဂ်သွင်းဂိုး ဒီရာသီမှာ ပိုမိုသွင်းယူထားနိုင်တဲ့ ဘန်လေ တိုက်စစ်မှူး အက်ရှ်လေ ဘားနက်စ်လည်း ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က