လူကာကူရဲ့နေရာမှာ အစားထိုးဖို့ မန်ယူနိုက်တက်က ကြိုးပမ်းနေတာပါ။

လိုင်ယွန်ကြယ်ပွင့်တိုက်စစ်မှူး မူဆာဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ကြောင်း ငြင်းပယ်ခဲ့ပြီး လိုင်ယွန်အသင်းနဲ့အတူ နောက်ထပ်တစ်ရာသီရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူဆာဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ်က ဆဲလ်တစ်အသင်းကနေ လိုင်ယွန်အသင်းကို ပေါင် ၁၉.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနဲ့ပွဲဦးထွက်ရာသီမှာပဲ ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်အသင်းက ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မူဆာဒမ်ဘီလီက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့ပြီး လိုင်ယွန်အသင်းနဲ့အတူ လာမယ့်ရာသီမှာ ဆက်ရှိနေမှာဖြစ်ကြောင်း RMC Sport ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်စာချုပ်သက်တမ်းက နောက်ထပ် ၄ နှစ်ရှိပါသေးတယ်။ ကျွန်တော် လာမယ့်ရာသီ လိုင်ယွန်မှာ ရှိနေမှာပါ”လို့ RMC Sport ကို ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုပေမယ့်လည်း ယူနိုက်တက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ကို ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။



က္က