ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ ကိုရွှေ့ဆိုင်းခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံအတွင်း ကူးစက်ခံရမှုနှုန်းမြင့်တက်လာခဲ့သလို သေဆုံးသူအရေအတွက်မှာလည်း မူလစတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံထက် ပိုများနေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀၊ ဇွန်လအတွင်းကျင်းပဖို့လျာထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ၂၀၂၁ ကိုရွှေ့ဆိုင်းခဲ့ရပြီဖြ စ်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုသာ အီတလီအသင်းရယူနိုင်ခဲ့မယ်ဆိုရင် နစ်နာခဲ့ရတဲ့ပြည်သူတွေအတွ က် ဖြေသိမ့်ရာလက်ဆောင်တစ်ခုဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့မှုကို Football Italia က ဖော်ပြလာ ပါတယ်။



ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ််ပွဲကျရှုံးခဲ့ပေမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေမှာတော့ အကောင်း ဆုံးပုံစံရှိိခဲ့ပြီး ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲရဲ့အုပ်စု(က)အတွင်း ကျရောက်နေခဲ့ပြီး ဆွစ်ဇာလန်၊ တူရကီ၊ ဝေးလ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာလည်းဖြစ်ပါတ ယ်။



“ ယူရို ၂၀၂၁ မှာ မတူကွဲပြားတဲ့ အီတလီလက်ရွေးစင်အသင်းကို မြင်တွေ့ရမှာပါ။ ကစားသမားတွေအနေနဲ့လ ည်း ပြိုင်ပွဲအတွက် အသင့်ဖြစ်နေခဲ့ပါပြီ။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကိုဗစ်-၁၉ ကြောင့်နစ်နာခဲ့သူတွေအ တွက် ချန်ပီယံဆုရယူဖို့က အဓိကတွန်းအားဖြစ်လာမှာပါ ” လို့ အီတလီလက်ရွေးစင်နည်းပြမန်စီနီက ထုတ်ဖော် ပြောဆိုခဲ့တာပါ။

မတ် ၂၃ရက်နေ့ထုတ်ပြန်ချက်များအရ အီတလီနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကိုအဆိုးရွားဆုံးရင်ဆိုင် နေရတာဖြစ်ပြီး ကူးစက်ခံရသူ ၅၉,၁၃၈ယောက်၊ သေဆုံးသူ ၅,၄၇၆ အထိရှိလာခဲ့ပြီး ပြန်လည်သက်သာလာသူ ၇,၀၂၄ ယောက်ရှိနေတယ်လို့ worldometers.info က ဖော်ပြထားပါတယ်။

Gazzetta dello Sport နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာတော့ အီတလီလက်ရွေးစင်နည်းပြမန်စီနီက ယူ ရိုချန်ပီယံဆုကို နစ်နာခံစားရသူတွေအတွက် အရယူပေးဖို့ အသင်းသားအားလုံးက စိတ်ပိုင်းဖြတ်ထားကြတယ် လို့လည်း ထုတ်ဖော်ပြောဆိုမှုအချို့ပြုလုပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က