ဗိုလ်လုပွဲကို မေလ ၂၉ မှာ ကစားရတော့မှာပါ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းအနေနဲ့ အဓိက ကစာသမား တစ်ဦးဖြစ်တဲ့ အမ်ခီတာယန်း မပါဝင်နိုင်တဲ့အခြေအနေမှာ အခုလို နောက်ထပ် ပြဿနာပေါ်လာတာကတော့ နည်းပြ အူနိုင်းအတွက် ခေါင်းခဲစရာ ဖြစ်နေခဲ့ပြီပဲ ဖြစ်ပါ တယ်။


အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီအတွက် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင် အမြန်ဆုံး ဖြေရှင်းရမယ့် ပြဿနာ တရပ် ရှိနေခဲ့ပြီလု့ိ Metro သတင်းဌာနက ဖော်ပြလာပါတယ်။



အူနိုင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဂိုးသမားသစ် လီနိုကို တာဝန်ပေးအပ်ခဲ့ပေမယ့် ရှုံးထွက်ပွဲစဉ်တွေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကိုမူ ဝါရင့် ဂိုးသမားကြီး ပီတာချက်ကို တာဝန်ယူစေခဲ့သူပါ။

ပီတာချက်က ရာသီကုန်ရင် အနားယူမှာ ဖြစ်ပေမယ့် ကစားသမားဘဝက အနားယူပြီးတာနဲ့ ချဲလ်ဆီးအသင်းမှာ အားကစားဒါရိုက်တာ လုပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာလို့ အာဆင်နယ် ပရိသတ်အချို့က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပီတာချက်ကို တာဝန်မပေးပဲ လီနိုကိုသာ အလိုရှိနေတဲ့အသံတွေ ထွက်လာပါတယ်။

လက်ရှိမှာတော့ ကာယကံရှင် လီနိုကိုယ်တိုင်ကပါ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကို ပွဲထွက် ကစားချင်တယ် လို့ အူနိုင်းကို တောင်းဆိုလာတာကြောင့်လည်း အူနိုင်းတစ်ယောက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

“ ကျွန်တော် ပီတာ့အပေါ်မှာ လေးစားမှု အပြည့်ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးလည်း ကောင်းမွန်ပါ တယ်။သူက အသိအမှတ်ပြုသင့်ဖို့ ထိုက်တန်သူပါ၊ဒါပေမယ့် အရိုးရှင်းဆုံး ကြည့်လိုက်ရင် ကျွန်တော်က သူ့ အတွက်ပြိုင်ဖက်ပါပဲ၊ ကျွန်တော်အမြဲတမ်း ကစားချင်ခဲ့ပါတယ်။ အထူးသဖြင့် ဒီလို ဗိုလ်လုပွဲမျိုးမှာပေါ့။ဒါကြောင့် နည်းပြကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။” လို့ အာဆင်နယ်အသင်းရဲ့နံပါတ်တစ် ဂိုးသမား လီနိုက Kicker သတင်းဌာနကို ပြောသွားတာဖြစ်ပါတယ်။


အခုလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ လီနိုအတွက် ကစားသမား ဘ၀ အကြီးမားဆုံး အောင်မြင်မှု တစ်ခု ဖြစ်လာမှာလို့လည်း သိရပါတယ်။

အာဆင်နယ်အသင်းကတော့ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အမ်ခီတာ ယန်း မပါဝင်ပဲ ကစားရဖို့ ရှိနေလို့ ဖိအား အနည်းငယ် ရှိနေခဲ့ရတဲ့ နည်းပြ အူနိုင်းအတွက် အခုလို ဂိုးသမား နေရာလုနေတာပါ ထပ်ပေါင်းလိုက်ရင် ခေါင်းခဲစရာ ပြဿနာတွေ ရှိနေလို့ အမြန်ဆုံး ဖြေရှင်းနိုင်မှပဲ အသက်ရှု ချောင်နိုင်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က