loading...

loading...

loading...

ဖရန့်ဖတ်အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရမှာပါ။
Kyaw Ko Ko Sint

မန်ယူနဲ့ သရေကျတဲ့ပွဲမှာ ဒူးဒဏ်ရာ ပြန်လည်ရရှိခဲ့ပြီး လာမယ့် မေလ ၃ ရက်နေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြဆာရီက ပြောသွားတာပါ။

မန်ယူနဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လာမယ့် ဖရန့်ဖတ်နဲ့ အဝေးကွင်းကစားရမယ့် ယူရိုုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ရူဒီဂါ လွဲချော်ဖွယ်ရှိတယ်လို့ အသင်းနည်းပြ ဆာရီက ပြောသွားကြောင်း Sportskeeda သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့်ပင် အနားယူနေရခဲ့ရရာမှ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကမှ ပြန်လည်သက်သာလာပြီး မန်ယူကို တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ မနေ့ကပွဲမှာတော့ ဒူးဒဏ်ရာ ထပ်မံ ရရှိသွားတာပါ။ နည်းပြ ဆာရီကတော့ ရူဒီဂါတစ်ယောက် ဒူးဒဏ်ရာကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အမီ ပြန်လည် သက်သာလာဖို့မမြင်ဘူးလို့ ပြောထားပါတယ်။

“ရူဒီဂါအတွက် အရေးကြီးတဲ့အချိန်လို့ ပြောရပါမယ်၊ အမြန်ဆုံး ပြန်လည်ကြံ့ခိုင်လာအောင်တော့ ကြိုးစားနေပါတယ်၊ လာမယ့် ယူရိုပါလိဂ် ပထမအကျော့ပွဲကိုတော့ ရူူဒီဂါ လွဲချော်ဖို့ များနေပါတယ်” လို့ ဆာရီက မနေ့က မန်ယူနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အခုလို ရူဒီဂါကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ရိုဂျိုကို ကွင်းလယ်ဒိုင်က အဝါကဒ်သာ ပြသခဲ့တဲ့အပေါ်မှာလည်း နည်းပြဆာရီက မလုံလောက်ဘူးလို့ ဝေဖန်သွားပါသေးတယ်။ “ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ာအားလုံးကို လိုက်နာဖို့အဆင်သင့်ပါပဲ ကွင်းလယ်ဒိုင်လည်း ဆုံးဖြတ်ရခက်မယ် ဆိုတာ သိပါတယ်၊ ကျွန်တော့်တစ်ဦးတည်းအမြင်ဆိုရင်တော့ အဝါကဒ်လောက်နဲ့တော့ မလုံလောက်ပါဘူး” လို့ ဆာရီက ဆက်လက်ပြောခဲ့ပါသေးတယ်။


loading...

က္က