ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ လို့ နာပိုလီအသင်းက သတ်မှတ်ထားပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နာပိုလီနောက်ခံကစားသမား ကူလီဘလီဟာ နာပိုလီအသင်းနဲ့ ယခုရာသီကို နောက်ဆုံးအဖြစ် အဆုံးသတ်ဖို့ အာရုံစိုက်နေတယ်လို့ သိရပါတယ်။

ကူလီဘလီဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားဖို့ ငြင်းပယ်ခဲ့သူဖြစ်ပြီး ၎င်းဟာ စီးရီးအေမှာ အလွန်ကောင်းမွန်နေတယ်ဆိုတဲ့ ပြောကြားမှုတွေကိုတော့ နှိမ့်ချစွာနဲ့ အရေးမပါဟန် ပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကူလီဘလီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပြီး နည်းပြအန်ဆယ်လော့တီက ကူလီဘလီရဲ့တန်ဖိုးဟာ ယူရိုသန်း ၁၅၀ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

နာပိုလီအသင်းဟာ ယမန်နေ့ညက အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့် ကူလီဘလီကို အာဆင်နယ်နဲ့ပွဲအပြီးမှာ စီးရီးအေဟာ ၎င်းအတွက် လုံလောက်ရဲ့လားလို့ သတင်းထောက်က မေးမြန်းခဲ့တဲ့အခါ အခုလို ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

“ဘာကြောင့်လဲ။ ကျွန်တော် ဒီလိဂ်မှာပဲ ကြီးပြင်းခဲ့တာပါ။ ဒီနေ့ ကျွန်တော် ဒီလိုကစားသမားဖြစ်အောင် လုပ်ပေးခဲ့တာလည်း ဒီလိဂ်ပါပဲ”

“ကျွန်တော့်အတွက် အရေးအပါဆုံးက ဒီရာသီကို ကောင်းကောင်းအဆုံးသတ်ဖို့ဖြစ်ပြီး အဲဒါပြီးရင်တော့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”

“ကျွန်တော် စိတ်မကောင်းပါဘူး။ ဘာလိုု့လဲဆိုတော့ ကျွန်တော်တို့ နောက်တဆင့်ကို တက်ရောက်ချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နာပိုလီအသင်းအိမ်ကွင်းမှာ လာကာဇက်ရဲ့သွင်းဂိုးနဲ့ ၁ ဂိုး ဂိုးမရှိ ရလဒ်ထွက်ပေါ်ခဲ့ပြီး ၂ ကျော့ပေါင်း ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က