ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းထားပါပြီ။
Kyaw Ko Ko Sint

ယူနိုက်တက်ကတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲနှစ်ရပ်မှာဆီမီးဖိုင်နယ်အဆင့်တွေမှာပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ယခု ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာလည်း ဆီဗီလာအသင်းနဲ့တွေ့ဆုံနေပါတယ်။

ယခုနှစ်မှာ ယူရိုပါလိဂ် ဆုဖလား ရရှိခဲ့မယ်ဆိုရင် ဒါဟာ လာမယ့်နှစ် ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်ဖို့ အတွက် အကောင်းဆုံး ခြေလှမ်းစတင်ခြင်း ဖြစ်လိမ့်မယ်လို့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုက ယုံကြည်တဲ့ အကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ဘရူနိုကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ကိုပင်ဟေဂင်အသင်းဖက်ကို ပင်နယ်တီကန်သွင်းပြီး ယူနိုက်တက် ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။

“ယူရိုပါလိဂ်ဆုဖလားက ကျွန်တော်တို့အားလုံးအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ ကစားသမားအားလုံး နားလည်ထားဖို့လိုပါတယ်။ဆုဖလားသာ ရခဲ့မယ်ဆိုရင် ဒီနှစ်က ကျွန်တော်တို့အတွက် အကောင်းဆုံးနှစ်တစ်နှစ် မဖြစ်တောင် ကောင်းမွန်တဲ့နှစ်တစ်နှစ်တော့ ဖြစ်မှာပါ။ဒါ့အပြင် ဒီဆုက လာမယ့်နှစ်အတွက် တွန်းအားတစ်ရပ် ဖြစ်စေမှာပါ။”လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်မှာ ဆီမီးဖိုင်နယ်အဆင့်ကနေပဲ ပြိုင်ပွဲတွေကနေ လှည့်ပြန်နေရတာဖြစ်ပြီး လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲအာလုံးမှာ အရေးနိမ့်ထားတာပါ။

ဒါကြောင့် ဒီနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ဆီဗီလာအသင်းကို ကျော်ဖြတ်နိုင်မလားဆိုတာက လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ယူနိုက်တက် နောက်ဆုံးရယူထားနိုင်တဲ့ အောင်မြင်မှုကလည်း ယူရိုပါလိဂ်ဆုဖလားဖြစ်ပြီး ၂၀၁၇ခုနှစ်က ရယူ ထားနိုင်တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က