ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ မှာ ကစားပါမယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပေမယ့်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲကိုရောက်နေလို့ ချန်ပီယံဖြစ်ခဲ့ရင် လာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ချန်ပီယံမဖြစ်ခဲ့ပါကလည်း နောက်ထပ် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ထပ်မံ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်မရထားတဲ့ အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားဖို့ရှိနေလို့ ချန်ပီယံဖြစ်ခဲ့ပါက လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အခွင့်အရေးရှိနေပေါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ချန်ပီယံ မဖြစ်ခဲ့သည့်တိုင် နောက်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တဲ့ အခြေအနေတရပ်လည်း ရှိနေသေးကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။



လက်ရှိမှာ အာဆင်နယ်အသင်းက အဆင့် ၅ နဲ့ ရာသီသိမ်းခဲ့ပြီး ပရီးမီးယားလိဂ် အဆင့်သတ်မှတ်ချက်အရ အဆင့် ၁ ကနေ ၄ အတွင်း အသင်းတွေကသာ ချန်ပီယံလိဂ်ဝင်ခွင့်ရတာဖြစ်ပြီး အဆင့် ၅ နဲ့ ၆ နေရာမှ အသင်းတွေကတော့ ယူရိုပါလိဂ်ကို ကစားခွင့်ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ယူအီးအက်ဖ်အေက ဒီနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းကို ဘဏ္ဍာရေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းနေပြီလို့ Daily Mail က ပြောပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဘဏ္ဍာရေး မျှတသုံးစွဲရမယ့် စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း သက်သေအခိုင်အမာ ထွက်ရှိလာခဲ့ရင်တော့ ယူအီးအက်ဖ်အေက လာမယ့်နှစ် ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

နယူးယော့ခ်တိုင်းမ်သတင်းဌာနရဲ့ တနင်္လာနေ့ ကဖော်ပြတဲ့သတင်းအရ သက်သေအခိုင်အမာ ပေါ်ထွက်လာခဲ့ ရင် မန်စီးတီးအနေနဲ့ တစ်ရာသီ ကစားသမားခေါ်ယူခွင့်လည်း ပိတ်ပင်ခံရဖွယ်ရှိနေသေးတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က