၂လေး ၁လေး အပေးခံထားရတာပါ။
Pyae Phyo Thein

အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းဟာ ၂လေး ၁လေး အပေးခံထားရတာဖြစ်ပြီးတော့ ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ကာ ဗိုလ်စွဲဖို့အတွက် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ 


ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေအရှိဆုံးအသင်းအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းစားနေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရသိရပါတယ်။ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းဟာ ၂လေး ၁လေး အပေးခံထားရတာဖြစ်ပြီးတော့ ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ကာ ဗိုလ်စွဲဖို့အတွက် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ၁၆သင်းအဆင့် ပထမအကျော့မှာ သြစတြီးယားကလပ် LASK အသင်းကို ၅ဂိုးပြတ်နဲ့ အနိုင်ရရှိထားပြီး ဒုတိယအကျော့ကိုတော့ အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ရလဒ်ကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့အတွက် သေချာသလောက်ရှိနေပြီဖြစ်ပြီး ကိုပင်ဟေဂင်-ဘာဆာဆီဟာတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

တကယ်လို့သာ သူတို့အနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်တော့ ဝုလ်ဗ်-အိုလံပီယာကော့စ်၊ ဆီဗီလာ-ရိုးမားတို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရမှာပါ။ လက်ရှိခြေစွမ်းအရဆိုရင်တော့ ယူနိုက်တက်ဟာ အကောင်းဆုံးအသင်းဖြစ်နေပြီးတော့ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်မယ့် အရည်အသွေးကလည်း အပြည့်အဝရှိနေတယ်လို့ ယူဆရပါတယ်။ 

ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ဂျာမနီကလပ်လေဗာကူဆင်အသင်းရှိနေပြီး တတိယနေရာမှာ ပရီးမီးယားလိဂ်ဝုလ်ဗ်၊ အဲဒီနောက်မှာမှာ အင်တာမီလန်၊ ဆီဗီလာတို့က အသီးသီးရှိနေကြပါတယ်။ ဖရန့်ဖတ်ကတော့ လက်ကျန် ၁၆ သင်းထဲမှာ ဗိုလ်စွဲဖို့ရေပန်းစားမှု အောက်ဆုံးမှာရှိနေပြီး ရိန်းဂ
ျားစ်အသင်းနဲ့အတူတူ ၂၅၀ လေး ၁ လေးသာ ရှိနေတာကို တွေ့ရပါတယ်။ 


ယူနိုက်တက်ကတော့ ၁၇ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်မှာခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲလေးပွဲစလုံးမှာလည်း ပြိုင်ဘက်အသင်းတွေကို ၃ဂိုးနဲ့အထက်နိုင်ပွဲတွေရယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုပါစံချိန်ကို ပထမဆုံးရတဲ့အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ 


Author


က္က