လေဗာကူဆင်ကို ၂-၁နဲ့နိုင်တဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူရိုပါလိဂ်သမိုင်းမှာ နောက်ဆုံး ကစားထားတဲ့ ၉ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ် လာခဲ့တာပါ။

အင်တာမီလန်အသင်းက လေဗာကူဆင်အသင်းကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဥ်မှာ အင်တာမီလန်အသင်းအတွက် တစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ လူကာကူဟာ ယူရိုပါလိဂ်သမိုင်းမှာ အခြား ဘယ်ကစား သမားမှ မတင်ရှိနိုင်သေးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။



BBC SPORTရဲ့ ဖော်ပြချက်အရလူကာကူဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းမှာ နောက်ဆုံး ကစားထားတဲ့ ၉ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

၂၀၁၄ခုနှစ် နိုဝင်ဘာ ၂၇မှာ အဲဗာတန်အသင်းနဲ့ ဝုလ်ဖတ်အသင်းတို့ရဲ့ ပွဲစဥ်က စတင်ပြီး ဒီကနေ့ အင်တာမီလန် အသင်းထံ ရောက်ချိန်အထိ ၉ပွဲဆက် ဂိုးသွင်းထားနိုင်တာပါ။

အဲဗာတန်အသင်းအတွက် ၅ပွဲကစားပေးခဲ့ပြီး အင်တာမီလန်ကိုရောက်ချိန်မှာတော့ ၄ပွဲ ကစားထားကာ နှစ်သင်း ပေါင်း သွင်းဂိုးကတော့ ၁၂ဂိုးထိသွင်းယူထားနိုင်ပါတယ်။

လူကာကူကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ၂၀၁၉ခုနှစ်က အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်အသင်းအတွက် ၃၆ပွဲကစားပေးကာ ၂၃ဂိုးအထိသွင်းယူပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

လက်ရှိ လူကာကူ ကစားနေတဲ့ အင်တာမီလန်အသင်းကတော့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားပြီ ဖြစ်ပြီး ဘယ် အသင်းနဲ့တွေ့ဆုံမယ်ဆိုတာ မသိရသေးပါဘူး။

Share

Loading Next Article...
က္က