loading...

loading...

loading...

အာဆင်နယ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတာပါ။
Kyaw Ko Ko Sint

ဗလင်စီယာအသင်းအနေနဲ့ ဒီနှစ် ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ကိုလည်းကောင်း၊ကိုပါဒယ်ရေးမှာ ဗိုလ်လုပွဲကို လည်းကောင်း ရောက်ရှိနေသလို အမှတ်ပေးဇယားအဆင့် ၆ မှာလည်း အဆင့် ၄ နေရာက ဆီဗီလာနဲ့ ၃ မှတ်ကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေလို့ နည်းပြ မာစီလီနိုက ဂုဏ်ယူနေပါတယ်။

ဗလင်စီယာအသင်းနဲ့ ဆီမီးဖိုင်နယ်မှာတွေ့ဆုံနေချိန် ဖိအားက အာဆင်နယ်အသင်းမှာသာရှိနေတယ်လို့ ဗလင် စီယာအသင်းနည်းပြ မာစီလီနိုက ထုတ်ဖော်ပြောခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြပါတယ်။ ဗလင်စီယာအသင်းအနေနဲ့ ပြည်တွင်း ပြိုင်ဖက် ဗီလာရီးရဲအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့တာပါ။

နောက်ဆုံး လေးသင်းအဆင့်မှာတော့ တချိန်က ဗလင်စီယာအသင်းရဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီ ကိုင် တွယ်နေတဲ့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေပြီး ယူရိုပါလိဂ် အအောင်မြင်ဆုံး နည်းပြ ကိုင်တွယ်နေတဲ့ အူနိုင်း အမ်မရီကြောင့် အာဆင်နယ်အသင်းသာဗိုလ်စွဲဖို့ ရေပန်းစားနေတယ်လို့ မာစီလီနိုက ပြောခဲ့ပါတယ်။

“အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ကစားနေတာပါ၊ နောက်ပြီး သူတို့က ယူရိုပါလိဂ်ရဖို့ ရေးပန်း အစားဆုံး အသင်းပါ။ ဒါပေမယ့် ပွဲမှာတော့ ဘာမဆို ဖြစ်နိုင်ပါတယ်။ တဆက်တည်းပဲ ဗိုလ်လုပွဲက လိုပါသေး တယ်။” လို့ မာစီလီနိုက ဗီလာရီးရဲကို အနိုင်ယူအပြီး ပြုလုပ်ခဲ့တဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဗလင်စီယာအသင်းကတော့ လာလီဂါမှာ ရမှတ် ၄၉ နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ကိုပါဒယ်ရေး ဗိုလ်လု ပွဲကို တက်လှမ်းထားကာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံနေပါတယ်။ “ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်၊ကိုပါဒယ်ရေးမှာ ဗိုလ်လုပွဲထိ တက်လှမ်းထားနိုင်တာကြောင့် ကျွန်တော့် ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။”လို့လည်း မာစီလီနိုက ဆက်လက်ပြောခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းကတော့ မနှစ်ကလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီး အက်သလက်တီ ကိုအသင်းကိုရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဆီမီးဖိုင်နယ်ကို နှစ်နှစ်ဆက် ထပ်မံ တက်လှမ်းလာခဲ့တာပါ။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကိုတော့ လာမယ့် မေလ ၂ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ဆက်လက် ကစားသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က