အင်တာမီလန်အတွက် ဆက်တိုက်ခြေစွမ်းပြနေတာပါ။
Pyae Phyo Thein

သူ့ရဲ့ ဒီရာသီသွင်းဂိုးစုစုပေါင်းကလည်း ၃၃ ဂိုးအထိ ရှိလာခဲ့ပြီးတော့ အင်တာကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြနေခဲ့ပြီး အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲပါ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ 


အင်တာမီလန်အသင်းတိုက်စစ်မှူးလူကာကူဟာ ရှက်တာဒိုးနတ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ယူရိုပါလိဂ်မှာ ၁ဝပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ဒီရာသီသွင်းဂိုးစုစုပေါင်းကလည်း ၃၃ ဂိုးအထိ ရှိလာခဲ့ပြီးတော့ အင်တာကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြနေခဲ့ပြီး အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲပါ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူက နည်းပြကွန်တီလက်အောက်မှာ အဓိကတိုက်စစ်မှူးအဖြစ်နဲ့ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ သူနဲ့ မာတီနက်ဇ်တို့ရဲ့ တိုက်စစ်အတွဲဟာလည်း အက်ဒရီယာနို နဲ့ မာတင်တို့ရဲ့ တိုက်စစ်အတွဲက တစ်ရာသီအတွင်းမှာ ဂိုးပေါင်း ၂ဝစီ သွင်းယူခဲ့ပြီးနောက် အင်တာအတွက် ဂိုးပေါင်း ၂ဝစီရခဲ့တဲ့ ပထမဆုံးတိုက်စစ်အတွဲဖြစ်လာခဲ့ပါတယ်။ 

အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းက ဆီမီးဖိုင်နယ်အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရချိန်မှာ လူကာကူက အသင်းသစ်အတွက်ခြေစွမ်းပြပြီး ဗိုလ်လုပွဲအထိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်နောက်ဆုံး ၂ပွဲမှာ ပယ်နယ်တီကနေသာ သွင်းဂိုး ၂ဂိုးရရှိခဲ့ပြီး လူကာကူကတော့ တစ်ဦးတည်း ၃ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံတိုက်စစ်မှူးအနေနဲ့ အင်တာမီလန်မှာ ပိုမိုပြီးခြေစွမ်းပြကာ ကောင်းမွန်နေတယ်လို့ ဝေဖန်သုံးသပ်သူတွေအဖြစ်ဆောင်ရွက်နေတဲ့ ပေါလ်အင့်စ်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့ကလည်း ချီးကျူးခဲ့ကြပါတယ်။ အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုမရဘဲ ထွက်ခွာခဲ့ရတဲ့ လူကာကူက ဗိုလ်လုပွဲမှာ ဆီဗီလာကိုအနိုင်ယူပြီး အသင်းကို ဆုဖလားဆွတ်ခူးပေးနိုင်မလားဆိုတာက စိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီ။ 


Author


က္က