အီတလီ၊ ဗြိတိန်၊ စပိန်နိုင်ငံတွေက အဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာပါ။
Win Kyaw Min

ဥရောပနိုင်ငံတွေအတွင်း ဆိုးရွားစွာကူးစက်ပြန့်နှံံ့နေတဲ့ COVID-19 ရောဂါကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ သို့ ရွှေ့ဆိုင်းထားရပြီလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ လာမယ့်နှစ်မှာပြောင်းလဲကျင်းပမယ့် ဥရောပဖလားပွဲစဉ်ကို ပုံစံသစ်နဲ့ ပြန်လည်ပြောင်းလဲကျင်းပဖို့ ဆန္ဒရှိနေပြီး အခြေအနေအရပ်ရပ်ကြောင့် အိ်မ်ရှင်နိုင်ငံအချို့ကိုလျော့ချပစ်ရန်ရှိနေ ကြောင်း သတင်းဖော်ပြမှုများကို dailymailက ကိုးကားဖော်ပြလာခဲ့ပါတယ်။

လာမယ့်ယူရိုပြိုင်ပွဲကို နိုင်ငံ ၁၂နိုင်ငံမှာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး လက်ရှိအခြေအနေအရ အိမ်ရှင်နိုင်ငံအရေ အတွက် လျော့ချဖို့ တာဝန်ရှိသူတွေတွေအကြား ညှိနှိုင်းမှုတွေရှိနေခဲ့ပြီး အပြီးသတ်သဘောတူညီမှုရရှိဖို့အတွက် ကတော့ ဆက်လက်ဆွေးနွေးရဖို့ရှိနေခဲ့တာပါ။



ပြိုင်ပွဲကျင်းပခွင့်ရရှိထားတဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်က လန်ဒန်မြို့၊ အီတလီနိုင်ငံက ရောမမြို့၊ စပိန်နို်င်ငံဘီလ် ဘာအိုမြို့တွေမှာ နိုင်ငံအလိုက်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံးဖြစ်ခဲ့တဲ့ မြို့တွေဖြစ်နေတဲ့အတွက် တာ ဝန်ရှိသူတွေအနေနဲ့ အစီအစဉ်အချို့ကို ပြောင်းလဲဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ စပိန်အစိုးရနဲ့ အီတလီအစိုးရတို့ကတော့ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် သက်ဆိုင်ရာမြို့ တွေမှာ လက်ခံကျင်းပဖို့ အခက်အခဲတွေရှိနေခဲ့ပေမယ့် ဗြိတိန်ကတော့ အောင်အောင်မြင်မြင်ကျင်းပပေးနိုင်မယ် လို့ ယုံကြည်နေကြောင်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေရဲ့ အစီအစဉ်မှာတော့ အစီအစဉ်နှစ်ခုရှိနေခဲ့ပြီး မူလသတ်မှတ်ထားတဲ့ နိုင်ငံအရေအတွက်အတိုင်းကို ရောဂါကူးစက်ခံရမှုနည်းတဲ့ မြို့တွေမှာ ပြောင်းလဲကျင်းပဖို့နဲ့ ရွေးချယ်ခြင်းမခံရတဲ့ အခြားနိုင်ငံတွေမှာ အစားထိုးကျင်းပဖို့တွေကို ညှိနှိုင်းလိုနေကြတာလည်းဖြစ်ပါတယ်။


က္က