တစ်နှစ်တိတိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ယူရိုပြိုင်ပွဲနည်းတူ ၂၀၂၁ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့လည်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ထည့်သွင်းအသိပေးခဲ့ပါတယ်။


ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့အပြီးမှာ နောက်ထပ်ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ၂၀၂၀ ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က တရားဝင်သတင်းထုတ်ပြန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ယူရိုပြိုင်ပွဲနည်းတူ ၂၀၂၁ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့လည်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ထည့်သွင်းအသိပေးခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေအတွက်တော့ တစ်ရက်တာအတွင်းမှာပဲ အဓိကပြိုင်ပွဲကြီးနှစ်ခု မကျင်းပဖြစ်တော့တဲ့ သတင်းကို ကြားသိလိုက်ရတာလည်းဖြစ်ပါတယ်။ 

"လက်ရှိအခြေအနေတွေကို အသေးစိတ်လေ့လာပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကြိုတင်ကာကွယ်ဖို့အတွက် မှတ်ချက်ပြုခဲ့ကြပါတယ်၊ ဒီအတွက်ကြောင့် ၄၇ ကြိမ်မြောက် ကိုပါအမေရိကဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၁ ကနေ ဇူလိုင် ၁၁ မှသာ ပြောင်းလဲကျင်းပဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်" လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ 

COVID-19 ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး အခြေအနေတည်ငြိမ်ဖို့အတွက်လည်း မျှော်လင့်ချက်နည်းပါးသေးတာကြောင့် ဘောလုံးပြိုင်ပွဲအများစုကို ရပ်ဆိုင်း၊ ရွှေ့ဆိုင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီး နဲ့ တောင်အမေရိကရဲ့ နာမည်ကျော်ပြိုင်ပွဲကြိးတွေကလည်း ဗိုင်းရပ်စ်ရိုက်ခတ်မှုဒဏ်ကို မလွန်ဆန်နို်င်ခဲ့ဘဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ချခဲ့ရပါတော့တယ်။ 


က္က