တစ်ရာသီသာ ယူနိုက်တက်မှာ ကျင်လည်ခဲ့ပါတယ်။

လိုချင်တဲ့ နံပါတ်ကို မရပဲ ဝတ်စေချင်တာ ဝတ်ခဲ့ရတယ်လို့ ဒီမာရီယာက ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ဩဂုတ်မှာ ယူနိုက်တက်အသင်းကို ရောက်ချိန် အတင်းအကြပ်စေခိုင်း ခံခဲ့ရတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး လက်ရှိ ပီအက်စ်ဂျီ ကစားသမား ဒီမာရီယာက ဖွင့်ဟလာခဲ့တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါ တယ်။



ထိုစဥ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခု ဖြစ်ခဲ့တဲ့ ပေါင် ၅၉.၇သန်းနဲ့ ရီးရဲမက်ဒရစ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဒီမာရီယာက ယူနိုက်တက်မှာ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် အမှန်တကယ် ဝတ်ဆင်ချင်ခဲ့တာ ကတော့ ၁၁ သာ ဖြစ်ခဲ့တယ်လို့ ဆိုလာတာပါ။

“ကျွန်တော်က ၁၁ ကို ဝတ်ဆင်ဖို့ ဆန္ဒရှိခဲ့တာပါ။၁၁က ကျွန်တော် ငယ်ငယ်ကတည်းက စွဲမြဲစွာ ဝတ်ဆင်ခဲ့တဲ့နံ ပါတ်တစ်ခုပါ။ရီးရဲရောက်ချိန်မှာတော့ ၁၁ က ရှိနှင့်ပြီးသားဖြစ်လို့၂၂ ဝတ်ခဲ့ရတာပါ။ယူနိုက်တက်ရောက်တော့ ၇ ကို ဝတ်ရပါတယ်။ရွေးချယ်ခွင့်မရှိပါဘူး။ အခု ပီအက်စ်ဂျီမှာတော့ ၁၁ ကို ဝတ်တဲ့သူမရှိလို့ ကျွန်တော် လိုချင်တာ ရခဲ့ပါတယ်။”လို့ ဒီမာရီယာက Ligue 1 မီဒီယာကို ပြောသွားပါတယ်။

ဒီမာရီယာ ယူနိုက်တက်အသင်းကို ရောက်ချိန်မှာ ကျောနံပါတ် ၁၁ ကို လူငယ်တိုက်စစ်မှူး ဂျာနူဇက်က ဝတ်ဆင် နေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၅ ဩဂုတ်မှာတော့ ပေါင် ၄၄.၃ သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ကျောနံပါတ် ၁၁ ဝတ်ဆင် ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က