ရာသီအစကမှ လူကာကူက အင်တာကိုပြောင်းရွှေ့ခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်အနေနဲ့ ဒီဘာလာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက ဂျူဗီမှာပဲ သူ့နေရာအတွက် တိုက်ပွဲဝင်သွားဖို့ဆုံးဖြတ်ခဲ့တာကြောင့် တူရင်မှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။


အင်တာမီလန်တိုက်စစ်မှူးလူကာကူရဲ့ အေးဂျင့်ဖက်ဒရီကိုပက်စတိုရီလိုက ဒီဘာလာအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လူကာကူဟာ ဂျူဗီကစားသမားဖြစ်နေလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ လူကာကူဟာ ဒီရာသီအစမှာ အင်တာမီလန်ကို ပေါင် ၇၄သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ကွန်တီလက်အောက်မှာ ခြေစွမ်းပြသနေသူဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဒီဘာလာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက ဂျူဗီမှာပဲ သူ့နေရာအတွက် တိုက်ပွဲဝင်သွားဖို့ဆုံးဖြတ်ခဲ့တာကြောင့် တူရင်မှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီဘာလာထွက်ခွာသွားမယ်ဆိုရင် ဂျူဗီက လူကာကူကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်ပြီး အဆုံးသတ်မှာတော့ အင်တာမီလန်က လူကာကူကို ခေါ်ယူသွားနိုင်ခဲ့ပါတယ်။ 

"ဒီနေ့မှာ လူကာကူက အင်တာမီလန်ဂျာစီကို ဝတ်ဆင်နေရတဲ့ တစ်ခုတည်းသောအကြောင်းရင်းကတော့ ဒီဘာလာက ယူနိုက်တက်ကို မပြောင်းရွှေ့နိုင်ခဲ့တာကြောင့်ပါ၊ လူကာကူက ပရီးမီးယားလိဂ်ကထွက်ခွာဖို့ ဆန္ဒရှိရှိနေခဲ့ပြီး သူ့ကို အမှန်တကယ်အလိုရှိတဲ့ အသင်းကို ပြောင်းရွှေ့ချင်ခဲ့တာပါ"

"အင်တာမီလန်ပရိသတ်တွေက သူ့အပေါ်ကြိုဆိုနေပုံနဲ့ ဂျူဗင်တပ်စ်အသင်းဘက်ကအနေအထားတွေကို နှိုင်းယှဉ်အပြီးမှာ ကွဲပြားခြားနားတယ်ဆိုတာကို သူသိခဲ့ပါတယ်၊ သူသာ ဂျူဗီကို ရောက်ခဲ့မယ်ဆိုရင် ပရိသတ်အများအပြား ပျော်ရွှင်ကြမှာပါ၊ ဒါပေမယ့် အင်တာမီလန်ကို သူ့ကို ညှိနှိုင်းမှုတွေ လုပ်နိုင်ခဲ့ပြီး ကွန်တီကလည်း သူ့ကိုခေါ်ယူဖို့ အင်တာမီလန်ကို ဖိအားပေးပြီး လှုပ်ရှားစေခဲ့တာပါ" လို့ ပက်စတိုရီလိုက ပြောသွားခဲ့ပါတယ်။ 


လူကာကူကတော့ ဆန်စီရိုမှာ ခြေစွမ်းပြနေတာဖြစ်ပြီး စီးရီးအေ ၂၅ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ 


Author


က္က