ယူရိုပါလိဂ်ဗို်လ်လုပွဲမှာ တွေ့ဆုံနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
Pyae Phyo Thein

လက်ရှိမှာတော့ ယူနိုက်တက်ရော အင်တာမီလန်အသင်းပါ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပြီး ဆီဗီလာ၊ ရှက်တာဒိုးနတ်တို့နဲ့ အသီးသီးရင်ဆိုင်ကြရမှာဖြစ်ပါတယ်။


ရိုမီလူလူကာကူနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ဟာ ယူရိုပါလိဂ်ဗိုလ်လုုပွဲမှာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက််နဲ့ရင်ဆိုင်ရပါက ပြန်လည်လက်စားချေဖို့အတွက် စိတ်အားထက်သန်နေလိမ့်မယ်လို့ အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ်က သတိပေးခဲ့ကြောင်းဆိုပါတယ်။ ယူနိုက်တက်မှာ လျစ်လျူရှုခံခဲ့ရမှုတွေအတွက် ကိုယ်စီနာကြည်းမှုတွေကို ဖြေဖျောက်ချင်နေတာလို့လည်း Mirror ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

လက်ရှိမှာတော့ ယူနိုက်တက်ရော အင်တာမီလန်အသင်းပါ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပြီး ဆီဗီလာ၊ ရှက်တာဒိုးနတ်တို့နဲ့ အသီးသီးရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲမှာ သူတို့နှစ်သင်း တွေ့ဆုံနိုင်ချေရှိနေပြီး လူကာကူနဲ့ ဆန်းချက်ဇ်တို့က အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာ လက်တုံ့ပြန်ဖို့အတွက် ကြိုးစားလိမ့်မယ်လို့ ဘာဘာတော့ဗ်က ယူဆနေတာဖြစ်ပါတယ်။ 

"လူကာကူက ကျွန်တော့်ကို စိုးရိမ်စေပါတယ်၊ သူက ဒီရာသီမှာ ဂိုးတွေအများကြီးသွင်းနေတာပါ၊ သူ့ကို နှစ်သက်တယ်လို့ ကျွန်တော်အမြဲတမ်းပြောဖြစ်ပါတယ်၊ အခွင့်အရေးရတာနဲ့ ဂိုးသွင်းနိုင်သူပါ၊ အရမ်းမြန်တယ်၊ အရမ်းသန်မာတယ်၊ လေဗာကူဆင်ကို သွင်းခဲ့တဲ့ သူ့ရဲ့ဂိုးက တကယ့်ကို အံ့မခန်းပါပဲ၊ သူက အန္တရာယ်အရှိဆုံးကစားသမားပါပဲ"

"ဆန်းချက်ဇ်၊ အက်ရှ်လေယန်းတို့လို ယူနိုက်တက်အကြောင်း ကောင်းကောင်းသိတဲ့သူတွေက အင်တာမီလန်မှာ ရှိပါသေးတယ်၊ တကယ်လို့ သူတို့နှစ်သင်းသာ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် သူတို့က လက်စားပြန်ချေချင်နေမှာပါပဲ၊ ယူနိုက်တက်က သူတို့ကို စွန့်ပစ်ခဲ့တာ မှားယွင်းတယ်ဆိုတာကို သက်သေပြချင်နေမှာပါ၊ လူကာကူဆို ယူနိုက်တက်မှာ ဝေဖန်ခံနေခဲ့ရတာပါ၊ အခုတော့ သူ ထွက်ခွာခဲ့တာက မှန်ကန်နေခဲ့ပါတယ်" လို့ ဘာဘာတော့ဗ်က ပြောဆိုသွားခဲ့ပါတယ်။ 


အင်တာမီလန်ကတော့ အဆိုပါကစားသမားတွေကို ဒီရာသီမှာမှ ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့အားလုံးက ခြေစွမ်းပြကစားနေကြတာဖြစ်ပါတယ်။ 


Author


က္က