ဗိုလ်လုပွဲတက်စေမယ့် သွင်းဂိုးကို ရယူပေးခဲ့တာပါ။
Pyae Phyo Thein

လာလီဂါမှာလည်း သွင်းဂိုး ၆ ဂိုးသာရရှိထားပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့တဲ့ ဒီဂျောင်ကို နည်းပြလော့ပ်တယ်ဂီက အိုကမ်ပို့စ်ရဲ့နေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။


မနေ့ကကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာ ဆီီဗီလာအတွက် ဗိုလ်လုပွဲတက်စေမယ့်သွင်းဂိုးကို လူစားဝင်ပြီးတော့ သွင်းယူပေးခဲ့တာဟာ လုခ်ဒီဂျောင်အတွက်တော့ ဒီရာသီယူရိုပါလိဂ်မှာ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒီဂျောင်ဟာ ဒီပွဲမတိုင်ခင်မှာ အသင်းအတွက် ယူရိုပါလိဂ် ၆ ပွဲကစားပေးခဲ့ပေမယ့် ဂိုးလုံးဝမသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ 

လာလီဂါမှာလည်း သွင်းဂိုး ၆ ဂိုးသာရရှိထားပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့တဲ့ ဒီဂျောင်ကို နည်းပြလော့ပ်တယ်ဂီက အိုကမ်ပို့စ်ရဲ့နေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။ လူစားလဲခံရလို့ အိုကမ်ပို့စ်က ဒေါသထွက်နေခဲ့ပေမယ့်လည်း နည်းပြလော့ပ်တယ်ဂီရဲ့ ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပြီး ဒီဂျောင်က ဧရိယာအတွင်းကနေ အပိုင်ပိတ်သွင်းယူကာ အသင်းကိုဗိုလ်လုပွဲတက်ရောက်စေခဲ့ပါတယ်။ 

ဒီဂျောင်ဟာ ယူရိုုပါလိဂ်မှာ ယူနို်က်တက်နဲ့ပွဲမတိုင်ခင် မိနစ်ပေါင်း ၃၁၀ သာ ကစားထားရပြီးတော့ ပွဲထွက်ကစားခွင့် ၃ပွဲရရှိခဲ့ပြီး ကျန်ပွဲတွေကတော့ လူစားဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်ယူနိုက်တက်ကစားသမားဟောင်းဟာ ယူနိုက်တက်ခံစစ်ပိုင်းရဲ့ အားနည်းချက်ကိုအခွင့်ကောင်းယူခဲ့ပြီး အနီးကပ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွက်တော့ ယူရိုပါလိဂ်မှာ ဂိုးလုံးဝမရသေးတဲ့ တိုက်စစ်မှူးရဲ့ သွင်းဂိုးကြောင့် ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်လို့ ပိုပြီးရှုံးချက်နာခဲ့ရပါတယ်။ အခွင့်အရေးကောင်းအများအပြားရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ချိန်မှာ ပြိုင်ဘက်အသင်းက ဂိုးတွေကို လွယ်လွယ်ကူကူပဲသွင်းယူသွားခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ အားနည်းချက်တွေကြောင့်လည်း အခုလိုအရေးနိမ့်ခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေခဲ့ကြပါတယ်။ 


Author


က္က